■ အိုနာနာကို အပြီးသတ်ခေါ်ယူဖို့ ထရတ်ဇွန်စပေါ်အသင်း စိတ်ဝင်စားနေ

■ အိုနာနာကို အပြီးသတ်ခေါ်ယူဖို့ ထရတ်ဇွန်စပေါ်အသင်း စိတ်ဝင်စားနေ
Photo: Trabzonspor
Photo: Trabzonspor
Published 7 October 2025

တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းဟာ အငှားခေါ်ယူထားတဲ့ ဂိုးသမား အိုနာနာကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အိုနာနာဟာ ပြီးခဲ့တဲ့လက မန်ယူနိုက်တက်အသင်းကနေ ထရတ်ဇွန်စပေါ်အသင်းထံ အငှားပြောင်းရွှေ့လာခဲ့တာပါ။

ထရတ်ဇွန်စပေါ်အနေနဲ့ အိုနာနာကစားတဲ့ လိဂ်ပွဲ လေးပွဲမှာ အများဆုံးရနိုင်တဲ့ ၁၂ မှတ်ကနေ ခုနစ်မှတ်အထိ ရရှိထားပါတယ်။

ဒါ့အပြင် ပြိုင်ပွဲစုံ ငါးပွဲမှာ Clean Sheet နှစ်ပွဲ ရခဲ့ပြီး တခြားသုံးပွဲမှာတော့ ငါးဂိုး ပေးခဲ့ရပါတယ်။

အိုနာနာကို ခေါ်ယူထားတဲ့ အငှားစာချုပ်မှာတော့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက် မပါဝင်ပါဘူး။

မန်ယူနိုက်တက်အသင်းဟာ ၂၀၂၃ ခုနှစ်မှာ အိုနာနာကို အင်တာအသင်းကနေ ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ကုန်ကျခဲ့ပါတယ်။

အခုချိန်မှာတော့ အိုနာနာရဲ့စျေးကွက်တန်ဖိုးဟာ အောက်တိုဘာလ ၁ ရက်က နောက်ဆုံးထုတ်ပြန်ထားမှုအရ ယူရို သန်း ၂၀ သာ တန်ကြေး ရှိပါတော့တယ်။

Most Read

Most Recent