■ ကျိုက်ထိုမှ ရန်ကုန်သို့ ဘုရားဖူးလာသည့် မီနီဘတ်စ်ယာဉ် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာ ၁၆ ဦး ဒဏ်ရာရ

■ ကျိုက်ထိုမှ ရန်ကုန်သို့ ဘုရားဖူးလာသည့် မီနီဘတ်စ်ယာဉ် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာ ၁၆ ဦး ဒဏ်ရာရ
Published 6 October 2025

ကျိုက်ထိုမှ ရန်ကုန်သို့ ဘုရားဖူးလာသည့် မီနီဘတ်စ်ယာဉ် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က ကျိုက်ထိုမြို့မှ ရန်ကုန်သို့ ဘုရားဖူးရန်လာသော ခရီးသည်တင် Mini Bus ကားတစ်စီး လှည်းကူး Max တိုးဂိတ်အနီး ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက်အခြမ်းဘက်ရှိ ပလက်ဖောင်းနှင့် အကာအရံများအားကျော်၍ လမ်းဘေးသို့ရောက်ရှိကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့မှာ မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို လှည်းကူးဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်သို့ လှည်းကူးပရဟိတကွန်ရက်မှကြက်ခြေနီများအပါအဝင် လူနာတင်ယာဉ် ငါးစီး၊ ထောက်ကြံကွန်ရက်မှ လူနာတင်ယာဉ် နှစ်စီး၊ YRO နှင့် 01 အဖွဲ့တို့မှ လူနာတင်ယာဉ်လေးစီးတို့ဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent