ဆေးမအောင်တဲ့အတွက် ဘိုနီဖေ့စ်နဲ့ အေစီမီလန် အပြောင်းအရွှေ့ပျက်ခဲ့

ဆေးမအောင်တဲ့အတွက် ဘိုနီဖေ့စ်နဲ့ အေစီမီလန် အပြောင်းအရွှေ့ပျက်ခဲ့
Photo: X
Photo: X
Published 25 August 2025

အေစီမီလန်အသင်းဟာ လေဗာကူဆင်အသင်းက နိုင်ဂျီးရီးယားတိုက်စစ်မှူး ဘိုနီဖေ့စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမဲ့ ဆေးစစ်မှုမအောင်မြင်တာကြောင့် အပြောင်းအရွှေ့ပျက်ခဲ့ကြောင်း သိရပါတယ်။

အေစီမီလန်အသင်းဟာ ဘိုနီဖေ့စ်(၂၄ နှစ်)ကို တစ်ရာသီအငှားနဲ့ အရင်ဆုံးခေါ်ယူပြီး လာမယ့်နှစ်မှာ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။

အေစီမီလန်အသင်းက လေဗာကူဆင်အသင်းကို  အငှားခေါ်ယူမှုအတွက် ယူရို(၅)သန်း ပေးချေရမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူဖို့အတွက် ယူရို(၂၄)သန်း ထပ်ပေးရမှာဖြစ်ပါတယ်။

ဒါကြောင့် ဘိုနီဖေ့စ်က မီလန်မြို့ကို ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှုပြုလုပ်ခဲ့ပေမဲ့ ဆေးမအောင်တာကြောင့်  ဂျာမနီကို ပြန်သွားခဲ့ကြောင်း သိရပါတယ်။

အေစီမီလန်အသင်းဟာ ဘိုနီဖေ့စ်ကို မခေါ်နိုင်တော့တာကြောင့် လက်ရှိအချိန်မှာ တခြားတိုက်စစ်မှူး ထပ်ရှာနေကြောင်း သိရပါတယ်။

Most Read

Most Recent