ပဲလေ့စ်နောက်ခံလူ ဂူဟီကို လီဗာပူးလ်အသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းထွက်

ပဲလေ့စ်နောက်ခံလူ ဂူဟီကို လီဗာပူးလ်အသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းထွက်
Photo: Getty Images
Photo: Getty Images
Published 13 August 2025

လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အင်္ဂလန်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းထွက်လာပါတယ်။

ဂူဟီ(၂၅ နှစ်)ဟာ ပဲလေ့စ်အသင်းနဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးလိုခြင်းမရှိတော့တာကြောင့် ပဲလေ့စ်အသင်းကလည်း ဒီနွေမှာပဲ ရောင်းထုတ်ဖို့ လိုလားနေပါတယ်။

အသင်းရဲ့ ခံစစ်ပိုင်းကို စိတ်တိုင်းမကျဖြစ်နေတဲ့ လီဗာပူးလ်နည်းပြ အာနယ်ဆလော့ကို ဂူဟီကို ခေါ်ယူဖို့ အစောပိုင်းကတည်းက ချိန်ရွယ်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း ဖော်ပြခဲ့ပါတယ်။

လီဗာပူလ်အသင်းက ပဲလေ့စ်နဲ့ ပြောင်းရွှေ့ကြေး ဆက်လက်ညှိနှိုင်းနေပြီး ပေါင်(၃၅)သန်းဝန်းကျင်နဲ့ အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ကြောင်းလည်း သုံးသပ်ထားပါတယ်။

လီဗာပူးလ်အသင်းဟာ ပါးမားအသင်းက အရပ်(၆)ပေ (၅)လက်မမြင့်တဲ့ အီတလီဆယ်ကျော်သက်နောက်ခံလူ ဂျီယိုဗန်နီလီယွန်နီကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

Most Read

Most Recent