ဒါဝင်နူးနက်ဇ်အတွက် လီဗာပူးလ်အသင်း ယူရိုသန်း(၇၀) အလိုရှိ

ဒါဝင်နူးနက်ဇ်အတွက် လီဗာပူးလ်အသင်း ယူရိုသန်း(၇၀) အလိုရှိ
Photo: Getty Images
Photo: Getty Images
Published 4 August 2025

လီဗာပူးလ်အသင်းဟာ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၇၀) အလိုရှိနေကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ဒါဝင်နူးနက်ဇ်ကို ခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ စီးရီးအေကလပ် အေစီမီလန်အသင်းတို့က ပစ်မှတ်ထားနေကြပြီး အယ်လ်ဟီလာအသင်းက ရက်ပိုင်းအတွင်း တရားဝင်ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အင်တာမီလန်နည်းပြဟောင်း အင်ဇာဂီကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့ အယ်လ်ဟီလာအသင်းက အိုဆင်မန်၊ ရှက်ရှကိုနဲ့ အီဆက်ခ်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်တာကြောင့် ဒါဝင်နူးနက်ဇ်ကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းက ဒါဝင်နူးနက်ဇ်ကို ၂၀၂၂ နွေရာသီမှာ ကနဦးပြောင်းရွှေ့ကြေး ယူရို(၇၅)သန်း + Add-ons ကြေး ယူရို(၂၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး မျှော်လင့်သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေတာပါ။

လီဗာပူးလ်အသင်းက နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူဖို့အတွက် ဒါဝင်နူးနက်ဇ်ရဲ့အပြောင်းအရွှေ့ကို အမြန်ဆုံးအဆုံးသတ်ချင်နေကြောင်းလည်း သိရပါတယ်။

Most Read

Most Recent