တနင်္လာနေ့မှာ အာဆင်နယ်အသင်းနဲ့ မာဒူအေကေ စတင်ပူးပေါင်းမယ်

တနင်္လာနေ့မှာ အာဆင်နယ်အသင်းနဲ့ မာဒူအေကေ စတင်ပူးပေါင်းမယ်
Photo: Arsenal
Photo: Arsenal
Published 3 August 2025

အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် မာဒူအေကေဟာ တနင်္လာနေ့မှာ အသင်းနဲ့ စတင်ပူးပေါင်းမယ်လို့ သိရပါတယ်။

အင်္ဂလန်တောင်ပံကစားသမား မာဒူအေကေ(၂၃ နှစ်)ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းကို Add-ons ကြေးတွေကိုပါ ထည့်တွက်ရင် ပေါင်(၅၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

မာဒူအေကေဟာ ချယ်လ်ဆီးအသင်းနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခဲ့ရတာကြောင့် အာဆင်နယ်အသင်းက အာရှခရီးစဉ်ကို ခေါ်ယူခြင်းမပြုခဲ့တာဖြစ်ပြီး တနင်္လာနေ့မှသာ အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့်ပြုခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရာသီသစ် မစခင် ဘီလ်ဘာအို၊ ဗီလာရီးယဲလ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး အဲဒီပွဲတွေမှာ မာဒူအေကေကို စမ်းသပ်အသုံးပြုဖွယ်ရှိနေကြောင်း သိရပါတယ်။

မာဒူအေကေဟာ ချယ်လ်ဆီးအသင်းအတွက် (၉၂)ပွဲကစားရာမှာ ဂိုး(၂၀)သွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်နည်းပြ အာတီတာက အသင်းအတွက် အားထားရမယ့်သူအဖြစ် မျှော်လင့်နေပေမဲ့ အာဆင်နယ်ပရိသတ်အများစုကတော့ သူ့ကို ခေါ်ယူခဲ့ခြင်းအတွက် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

Most Read

Most Recent