■ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှုအပြီး မန္တလေးမြို့အနီးတစ်ဝိုက်တွင် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နေ

■ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှုအပြီး မန္တလေးမြို့အနီးတစ်ဝိုက်တွင် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နေ
Published 29 July 2025

■ လေးလတာကာလအတွင်း နောက်ဆက်တွဲငလျင် ၂၁၅ ကြိမ်အထိ လှုပ်ခတ်

အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုအပြီး မန္တလေးမြို့အနီးတစ်ဝိုက်တွင် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နေကြောင်း မန္တလေးမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

"ခပ်စိတ်စိတ်လှုပ်တာတွေ များလာတယ်။ စိတ်တောင်မပူတော့ဘူး။ အခုက နေ့တိုင်းမဟုတ်ရင်တောင် တစ်ရက်ခြားလှုပ်နေတဲ့သဘောဆိုတော့ လူတွေက ရိုးနေတဲ့သဘောမှာရှိတယ်။ ဒီနေ့လည်း လှုပ်သွားတယ်။ မနေ့ကလည်း လှုပ်သွားတယ်" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မန္တလေးမြို့၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့် အနက် ၁၉ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၃ ဒသမ ၂ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

ထို့ပြင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည့် လေးလပြည့်နေ့ ဇူလိုင် ၂၈ ရက် နံနက် ဝဝနာရီ ဝ၁ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၏ တောင်ဘက် ၁ မိုင်ခန့် အနက် ၃၃ ကီလိုမီတာအကွာကို ဗဟိုပြုပြီး နောက်ဆက်တွဲငလျင် လှုပ်ခတ်ခဲ့သည်။

အင်အားပြင်းငလျင်ကြီး လှုပ်ခတ်အပြီး လေးလတာကာလအတွင်း နောက်ဆက်တွဲငလျင် ၂၁၅ ကြိမ်အထိ လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင်လအတွင်းမှာပင် နောက်ဆက်တွဲငလျင် ၁၉ ကြိမ်အထိ လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်များတွင် ရစ်ချ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ကြိမ်၊ ရစ်ချ်တာစကေး ၄ နှင့် ၄ အထက်ရှိ ငလျင် ငါးကြိမ် လှုပ်ခတ်ခဲ့မှုများ ပါဝင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ- ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော အဆောက်အအုံတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်

Photo■ MFSD

 

Most Read

Most Recent