ချယ်လ်ဆီးနဲ့ မန်ယူအသင်းတို့က PSG အသင်းက အီတလီဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဒွန်နာရမ်မာ(၂၆ နှစ်)ဟာ PSG အသင်းမှာ လက်စွမ်းပြနေပေမဲ့ အသင်းနဲ့ သက်တမ်းတိုးဖို့ မရေမရာဖြစ်နေပါတယ်။
PSG အသင်းက ဒွန်နာရမ်မာကို ၂၀၂၁ ခုနှစ်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာပါ။
ဒါကြောင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိလာပြီဖြစ်ပေမဲ့ သက်တမ်းမတိုးနိုင်သေးတာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးတွေက စိတ်ဝင်စားနေကြတာပါ။
PSG အသင်းမှာ တစ်နှစ်လစာ ယူရို(၁၂)သန်းရရှိနေတဲ့ ဒွန်နာရမ်မာက အဲဒီလစာနှုန်းထားအတိုင်း သက်တမ်းတိုးချင်နေတာကြောင့် အဆင်မပြေဖြစ်နေတာလို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ အီတလီကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့ကလည်း ဒွန်နာရမ်မာကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။















