အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီအား သတ်ဖြတ်မည့် အစ္စရေး၏ အစီအစဉ်ကို ထရန့် ပယ်ချ

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီအား သတ်ဖြတ်မည့် အစ္စရေး၏ အစီအစဉ်ကို ထရန့် ပယ်ချ
Published 17 June 2025

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီအား သတ်ဖြတ်မည့် အစ္စရေး၏ အစီအစဉ်ကို ထရန့်က ပယ်ချခဲ့ကြောင်း အမေရိကန်အရာရှိသုံးဦးက CBS News ရုပ်သံလိုင်းကို ပြောကြားခဲ့သည်။

ခါမေနီအား လုပ်ကြံသတ်ဖြတ်မှုသည် ကောင်းသည့်အကြံဉာဏ်မဟုတ်ကြောင်း ထရန့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား ပြောကြားခဲ့သည်ဟု အရာရှိတစ်ဦးက ဆိုသည်။

ထိုသတင်းနှင့်ပတ်သက်ပြီး ထရန့်က လူသိရှင်ကြား မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

ထို့ပြင် နေတန်ယာဟုကလည်း Fox News ရုပ်သံလိုင်းနှင့် အင်တာဗျူး ပြုလုပ်ချိန်တွင် ခါမေနီအား သတ်ဖြတ်မည့်အစီအစဉ်ကို ထရန့်က ငြင်းပယ်ခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး တိုက်ရိုက်အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်းမရှိခဲ့ပေ။

Ref:BBC

Photo- AFP

 

Most Read

Most Recent