၂၀၂၇ အာရှဖလားခြေစစ်ပွဲမှာ အုပ်စု(E)ပွဲစဉ်မှာ မြန်မာအသင်းက ပါကစ္စတန်အသင်းကို ၁-၀ ဂိုးနဲ့နိုင်ပြီးခြေစစ်ပွဲနှစ်ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။
မြန်မာအသင်းအတွက် အနိုင်ဂိုးကို ၄၁ မိနစ်မှာ သန်းပိုင်က သွင်းယူပေးခဲ့တာပါ။
မြန်မာအသင်းက အုပ်စုအဖွင့်ပွဲမှာ အာဖဂန်နစ္စတန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စုတွင်း နှစ်ပွဲကစားခြောက်မှတ်နဲ့ ဦးဆောင်နေပါတယ်။
မြန်မာအသင်းဟာ အုပ်စု (E)မှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဆီးရီးယားအသင်းတွေနဲ့ အတူကျရောက်နေပါတယ်။









