စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ လေဆိပ်တွင် တန်ဖိုးငွေကျပ်သိန်းပေါင်းနှစ်သောင်းသုံးထောင်ကျော်ရှိ ရွှေတုံး ၂၆ တုံး ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ လေဆိပ်တွင် တန်ဖိုးငွေကျပ်သိန်းပေါင်း နှစ်သောင်းသုံးထောင်ကျော်ရှိ ရွှေတုံး ၂၆ တုံး ဖမ်းဆီးရမိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ ကလေးမြို့ ကလေးလေဆိပ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရွှေတုံး ၁၆ ပဲရည် ၂၆ တုံးအပါအဝင် ရွှေထည်ပစ္စည်းလေးမျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄၇ ၃၆၅၀၀၀ ကိုဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။















