အစ္စတန်ဘူလ်မြို့၌ ပြုလုပ်သော ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရုရှားသမ္မတဗလာဒီမာပူတင် ပါဝင်ခြင်းမရှိ

အစ္စတန်ဘူလ်မြို့၌ ပြုလုပ်သော ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရုရှားသမ္မတဗလာဒီမာပူတင် ပါဝင်ခြင်းမရှိ
Photo-AFP
Photo-AFP
Published 15 May 2025

စစ်ဖြစ်နေသော ယူကရိန်းနှင့်ရုရှားတို့ သည် သုံးနှစ်ကျော်ကာလအတွင်း ပထမဆုံး တိုက်ရိုက်ဆွေးနွေးမှုအဖြစ် မေလ ၁၅ ရက် တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့$ တွေ့ဆုံ ကြရာ ယင်းဆွေးနွေးပွဲကို တက်ရောက်သူ များစာရင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူ တင် ပါဝင်ခြင်းမရှိပေ။

ယူကရိိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက အစ္စတန်ဘူလ်မြို့တွင် ၎င်းနှင့်ကိုယ် တိုင်တွေ့ရန် စိန်ခေါ်ခဲ့သည်ဆိုသော်လည်း ရုရှားကိုယ်စားလှယ်အဖွဲ့၌ ရာထူးအဆင့် နိမ့်သူများသာပါဝင်လာခဲ့သည်။

ပူတင် မပါဝင်မှုက ရုရှား၏၂၀၂၂ ကျူး  ကျော်မှုဖြစ်ပွားအပြီး သီတင်းပတ်အနည်းငယ် အတွင်း ယူကရိ်န်း-ရုရှားတွေ့ဆုံမှု ပျက်ကွက် ခဲ့ပြီးနောက်ပိုင်း ပထမဆုံး တိုက်ရိုက်ဆွေးနွေး ပွဲ၏အရေးပါမှုကိုလျော့ကျစေခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင်  ထိုးစစ်စတင်ကတည်းက လူထောင်ချီသေဆုံး ခဲ့သည်။ ရုရှားက ယူကရိန်း၏နယ်မြေငါးပုံ တစ်ပုံကို သိမ်းပိုက်ခဲ့သည်။ ထို့ကြောင့် ယခု အခါယူ ကရိန်းစစ်ပွဲသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပ၏အဆိုးရွားဆုံး စစ်ပွဲ ဖြစ်သည်။

ရက် ၃၀ ကြာ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးကို ယူကရိန်းနှင့် ဥရောပနိုင်ငံများက လွန်ခဲ့သော သီတင်းပတ်တွင် တောင်းဆို သောကြောင့် ပူတင်က တန်ပြန်ကမ်းလှမ်းမှု အဖြစ် မေလ ၁၅ ရက်တွင် အစ္စတန်ဘူလ်၌ ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။

ကမ်းလှမ်းချက်ကို ဇယ်လန်းစကီးက သဘောတူခဲ့သည်ဆိုသော်လည်း ဆွေးနွေး ပွဲကို ပူတင်ကိုယ်တိုင် တက်ရောက်ခြင်းမရှိ ပါက ယင်းသည် ပူတင်အနေဖြင့် ငြိမ်းချမ်း ရေးကို အမှန်တကယ် စိတ်ဝင်စားခြင်းမရှိ ဆိုသည်ကို အသိပေးခြင်းဖြစ်လိမ့်မည်ဟု ယခု သီတင်းပတ်တွင် ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

“ဒါက သူဆင်နွှဲတဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒါကြောင့် ဆွေးနွေးတာတွေဟာ သူနဲ့ပဲ လုပ် သင့်ပါတယ်”ဟု ဇယ်လန်းစကီးက ပြောကြား ခဲ့သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဗလာဒီမာ မီဒင်စကီးက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ မီဒင် စကီးသည် ၂၀၂၂ ခုနှစ် ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သူဖြစ်ပြီး သဘောထားတင်းမာသော ပူတင်၏လက်ထောက်တစ်ဦးဖြစ်ကာ ယဉ် ကျေးမှု ဝန်ကြီးဟောင်းဖြစ်သည်။

ပူတင်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့၊ ကရင်မလင်ပြည်သူ မူဝါဒလက် ထောက် ယူရီအူရှာကော့ဗ်တို့သည် ယခုဆွေး နွေးပွဲတွင် ပါဝင်လာမည်ဟု ကောလာဟလ တို့ ထွက်ပေါ်ခဲ့သည်ဆိုသော်လည်း ယခုအခါ ၎င်းင်းတို့သည် ရုရှားကိုယ်စားလှယ်အဖွဲ့၏စာ ရင်းတွင် မပါဝင်ပေ။  လက်ဗရော့နှင့်အူရှာ ကော့ဗ်တို့သည် ယခင်က အမေရိကန်နှင့်ဆွေး နွေးရာတွင် ရုရှားကိုယ်စားလှယ်အဖွဲ့$ ပါဝင် ခဲ့ကြသူများဖြစ်သည်။

မီဒင်စကီးသည် ယူကရိန်းနယ်မြေနှင့် ပတ်သက်၍ ရုရှား၏သမိုင်းကြောင်းဆိုင်ရာ တောင်းဆိုမှုများကို ရှေ့တိုးလုပ်ဆောင်ရာ တွင် သြဇာကြီးသူအဖြစ် ရှုမြင်ခံထားရသူ ဖြစ်သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့တွင်ပါလာသည့် အခြား စေ့စပ်ဆွေးနွေးသူသုံးဦးမှာ ဒု တိယနိုင်ငံခြားရေးဝန်ကြီး မီခေးလ်ဂါလူဇင်၊ ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်ဒါ ဖိုမင်၊ ရုရှားထောက်လှမ်းရေးအဖွဲ့GRU ၏ ညွှန်ကြားရေးမှူး အီဂေါကော့စတီယူကော့ တို့ဖြစ်သည်။

အစ္စတန်ဘူလ်ဆွေးနွေးပွဲက ရလဒ်များ ထွက်ပေါ်လာအောင်လုပ်ပေးနိုင်ခြင်းမရှိပါက ရုရှားကို ပိတ်ဆို့မှုအသစ်များ လျင်မြန်စွာ ချမှတ်ရလိမ့်မည်ဟု ဥရောပခေါင်းဆောင်များ က ပြောကြားခဲ့သည်။

ဇယ်လန်းစကီးက ဆွေးနွေးပွဲတွင် ရုရှား အား ကိုယ်စားပြုတက်ရောက်သူများကို အခြေခံပြီး ယူကရိန်း၏နောက်လာမည့် အဆင့် များကို မိမိဆုံးဖြတ်ရလိမ့်မည်ဟု ဆွေးနွေးပွဲ အကြိုနေ့တွင် ဇယ်လန်းစကီးက ပြောကြားခဲ့ သည်။ ယူကရိန်းက ဆွေးနွေးမှု မည်သည့်ပုံ စံအတွက်မဆို အသင့်ဖြစ်နေသည်ဟု ယူက ရိန်းသမ္မတက ပြောကြားခဲ့သည်။

Ref;AFP        

Most Read

Most Recent