ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီဗစ်တရာဗစ်ချ်လတ်ဗ်ရော့အား စည်သူဘွဲ့ ချီးမြှင့်အပ်နှင်း

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီဗစ်တရာဗစ်ချ်လတ်ဗ်ရော့အား စည်သူဘွဲ့ ချီးမြှင့်အပ်နှင်း
Published 6 March 2025

ရုရှားနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီဗစ်တရာဗစ်ချ် လတ်ဗ်ရော့အား ပေးအပ်ချီးမြှင့်သည့် စည်သူဘွဲ့အား ခရီးစဉ်တွင် လိုက်ပါလာသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး  ဦးသန်းဆွေက နစကဥက္ကဋ္ဌကိုယ်စား မတ် ၅ ရက်တွင်  ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ ချီးမြှင့်အပ်နှင်းခဲ့သည်။

အဆိုပါချီးမြှင့်ပွဲအပြီးတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံက အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးတာဝန်ခံနိုင်ငံ တာဝန်ထမ်းဆောင်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent