ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို သစ္စာခံသည့် လူပေါင်း ၁,၃၀၀ ကျော် ဖမ်းဆီးခံရ

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို သစ္စာခံသည့် လူပေါင်း ၁,၃၀၀ ကျော် ဖမ်းဆီးခံရ
ဖေဖော်ဝါရီ ၈ ရက်က မြို့တော်ဒါကာရှိ နိုင်ငံတော်တရားရုံးချုပ်ရှေ့တွင် ဘင်္ဂလားဒေ့ရှ်စစ်သားများ  စောင့်ကြပ်နေသည်ကို တွေ့ရစဉ်(Photo: EPA-EFF)
ဖေဖော်ဝါရီ ၈ ရက်က မြို့တော်ဒါကာရှိ နိုင်ငံတော်တရားရုံးချုပ်ရှေ့တွင် ဘင်္ဂလားဒေ့ရှ်စစ်သားများ  စောင့်ကြပ်နေသည်ကို တွေ့ရစဉ်(Photo: EPA-EFF)
Published 11 February 2025

ရှိတ်ဟာဆီနာ၏ ဖြုတ်ချခံအစိုးရနှင့် ဆက်နွယ်ပတ်သက်နေသည့်  ဂိုဏ်းအဖွဲ့များကို ပစ်မှတ်ထားကာ Operation Devil Hunt အမည်ဖြင့် စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့မှုအတွင်း လူပေါင်း ၁၃၀၀ ကျော် ဖမ်းဆီးခံ လိုက်ရကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က  ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။

အာဏာပိုင်များက လူဆိုးများအမြစ်ပြုတ်သည်အထိ စစ်ဆင်ရေးကိုဆက်လက်ပြုလုပ်သွားမည်ဟုလည်း သတိပေးထားသည်။

ရဲတပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူအဆိုအရ  စစ်ဆင်ရေး ဆက်လက်ရှိနေပြီး ဖေဖော်ဝါရီ ၈ ရက် စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ၁၃၀၈ ဦး ဖမ်းမိထားသည်ဟု သိရသည်။ ဖေဖော်ဝါရီလအစောပိုင်းတွင် မတည်မငြိမ်ပြန်ဖြစ်လာသည့်အတွက် အဖမ်းအဆီးများ ပြုလုပ်လာရခြင်းဖြစ်သည်။

ဟာဆီနာပြည်ပသို့ ထွက်ပြေးသွားပြီး ခြောက်လအကြာ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဆန္ဒပြသူများက ဟာဆီနာ၏ဖခင်ကွယ်လွန်သွားပြီဖြစ်သည့်  နိုင်ငံတည်ထောင်သူ ရှိတ်မူဂျီဘာရာမန်၏နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။မျက်မြင်များ၏အဆိုအရ ဆန္ဒပြသူအချို့သည် တုတ်များ၊ တူများကိုင်လာကြပြီး အချို့က အိမ်ကိုဖြိုရန် မြေတူးစက်တစ်စီးခေါ်လာခဲ့သည်။

ဟာဆီနာကိုဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် ဟာဆီနာကိုထောက်ခံသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုများလည်း ပေါ်ပေါက်ခဲ့ပြီး ကြားဖြတ်အစိုးရကမူ နိုင်ငံဆူပူမှုအတွက် ဟာဆီနာကို လက်ညှိုးထိုးခဲ့သည်။

ကြားဖြတ်အစိုးရကို ဦးဆောင်သူ မိုဟာမက်ယူနွတ်စ်က စစ်ဆင်ရေးမစတင်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၇ ရက်တွင် ထိန်းထိန်းသိမ်းသိမ်းနေကြရန် မေတ္တာရပ်ခံခဲ့သေးသည်။ ၂၀၂၄ ခုနှစ် ၊ သြဂုတ်တွင် အကြီးအ ကျယ်ဆန္ဒပြမှုများဖြစ်လာပြီး ဝန်ကြီးချုပ်ဟာဆီနာ အိမ်နီးချင်းအိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားပြီးကတည်းက ဘင်္ဂလားဒေ့ရှ်တွင် ဆူပူမှုများဆက်လက်ဖြစ်နေပြီး ပြန်လည်တည်ငြိမ်ရန် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်စ်ဦး ဆောင်သည့် ကြားဖြတ်အစိုးရက ကြိုးပမ်းနေရသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်တွင်လည်း မူဂျီဘာရာမန်၏နေအိမ် မီးရှို့ခံခဲ့ရသည်။ ထိုုအိမ်သည်  ၁၉၇၁ ခုနှစ်က  ပါကစ္စတန်လက်အောက်မှ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရသွားကြောင်းကို မူဂျီဘာရာမန်ကြေညာခဲ့သည့် နိုင်ငံအထိမ်းအမှတ်နေရာလည်းဖြစ် ၊ နိုင်ငံကံဆိုးမိုးမှောင်ကျခဲ့သည့်နေရာလည်း ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် မူဂျီဘာရာမန်နှင့် ၎င်းင်း၏မိသားစုဝင်အများစု ထိုအိမ်တွင်လုပ် ကြံခံခဲ့ရသည်။ ယင်းလုပ်ကြံမှုတွင် လွတ် မြောက်ခဲ့သူဟာဆီနာက ဖခင်၏အမွေအနှစ် ဆက်ကျန်ရစ်အောင် ထိုအိမ်ကို ပြတိုက်အ ဖြစ်ပြောင်းလဲလိုက်သည်။

ဖခင်၏နေအိမ် မီးရှို့ခံရမှုအပေါ် ဟာဆီနာက “အဆောက်အအုံကိုပဲ ဖျက်ဆီးလို့ရမယ်။ သမိုင်းကိုတော့ ဖျက်ဆီးလို့မရဘူး”ဟုု ပြောကာ ကြားဖြတ်အစိုးရကိုဆန့်ကျင်ရန်  ၎င်းကိုထောက်ခံသူများအား ဆိုရှယ်မီဒီယာ မှလှုံ့ဆော်ခဲ့သည်။ ကြားဖြတ်အစိုးရကိုဦးဆောင်နေသူ စီးပွားရေးပညာရှင်၊ ဘဏ်လုပ်ငန်းရှင်ယူနွတ်စ်သည် ၎င်းတည်ထောင်ထားသည့်ဘဏ်ဖြင့် ကျေးလက်နေမရှိဆင်းရဲသားများကို၊ အထူးသဖြင့်အမျိုးသမီးများကို အ သေးစားချေးငွေများ ထုတ်ပေးခဲ့သည့်အတွက် ၂၀၀၆ ခုနှစ်တွင်  ငြိမ်းချမ်းရေးနိုဘယ်ဆုရထားသူဖြစ်သည်။                        Ref: AFP

Most Read

Most Recent