ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ(ဒီအာကွန်ဂို) အရှေ့ပိုင်း ဂိုမာမြို့တွင် အကျဉ်းထောင်တစ်ထောင်တွင် လွန်ခဲ့သည့် သီတင်းပတ်က အကျဉ်းထောင်ဖောက်မှု ဖြစ်စဉ်အတွင်း အကျဉ်းသူ ၁၅၀ ကျော် အဓမ္မကျင့်ခံရပြီး မီးရှို့သတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂပြော ရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အကျဉ်းသားများက အကျဉ်းထောင်ကို မီးရှို့ခဲ့ကာ ထွက်ပြေးသွားသော အကျဉ်းသားများက အကျဉ်းသူ ၁၆၅ ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး ယင်းအကျဉ်းသူများသည် မီးလောင်မှုအတွင်း သေဆုံးခဲ့ကြသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဆေ့ဖ်မာဂန်ဂိုက စီအန်အန်သတင်းကို ပြောပြခဲ့သည်။
ဂိုမာမြို့ကို ထိန်းချုပ်ထားသည့် ကွန်ဂိုအစိုးရတပ်ဖွဲ့များကို M23 သူပုန်ညွန့်ပေါင်းတပ်က တိုက်ခိုက်ချိန် ဇန်နဝါရီ ၂၇ ရက်တွင် အကျဉ်းသားများက အုပ်စုလိုက် ထောင်ဖောက်ပြေးရန် ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။
Muzenze အကျဉ်းထောင်မှ ထောင်သား ၄၀၀၀ ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး လက်ရှိတွင် ထိုအကျဉ်းထောင်၌ လူသူကင်းမဲ့နေကာ ပျက်စီးယိုယွင်း လျက်ရှိသည်။
Ref:CNN















