တရုတ်လူမျိုးများကို ပစ်မှတ်ထားနေသည့် ကျားဖျန့်စင်တာများအား နှိမ်နင်းနေသော ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း တရုတ်သမ္မတရှီက ထိုင်းဝန်ကြီးချုပ်ပေတုန်တန်ကို ပြောကြား

တရုတ်လူမျိုးများကို ပစ်မှတ်ထားနေသည့် ကျားဖျန့်စင်တာများအား နှိမ်နင်းနေသော ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း တရုတ်သမ္မတရှီက ထိုင်းဝန်ကြီးချုပ်ပေတုန်တန်ကို ပြောကြား
Published 7 February 2025

တရုတ်လူမျိုးများကို ပစ်မှတ်ထားနေ သည့် ကျားဖျန့်စင်တာများအား နှိမ်နင်းနေသော ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း တရုတ်သမ္မတရှီကျင်းပင်က ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ကို ဖေဖော်ဝါရီ ၆ ရက်က ပြောကြားခဲ့သည်။

ရှီသည် ပေကျင်းမြို့တော်သို့ နိုင်ငံတော်ခရီးစဉ်ဖြင့် ရောက်ရှိနေသည့် ပေတုန်တန်နှင့် တွေ့ဆုံချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်တွင် ကျားဖျန့်စင်တာများ အများအ ပြားတည်ရှိနေပြီး ပြည်ပနိုင်ငံသားများကို မှောင်ခိုကူးကာ ထိုကျားဖျန့်စင်တာများတွင် အတင်းအဓမ္မအလုပ်စေခိုင်းပြီး အွန်လိုင်းမှ ငွေကြေးများလိမ်ညာခိုင်းနေကာ နှစ်စဉ်ဒေါ်လာဘီလျံချီ ရရှိနေကြောင်း ကျွမ်းကျင်သူများ က ပြောကြားခဲ့သည်။

အဆိုပါ ကျားဖျန့်လုပ်ငန်းများလုပ်ကိုင်နေသည့် ခြံဝန်းများထဲမှ တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ခဲ့ပြီး ခရီးသွားများအကြား ပြန်ပေးဆွဲခံရမည့်အန္တရာယ်ကို စိုးရိမ်စိတ်များမြင့်တက်စေခဲ့သည်။

ထိုင်းနိုင်ငံသည် COVID-19 ကပ် ရောဂါအလွန်တွင် ၎င်းင်း၏ ခရီးသွားကဏ္ဍကို ပြန်လည် ထူထောင်ရန်ကြိုးပမ်းနေချိန်တွင် တရုတ်ခရီးသွားများသည် ထိုင်း၏ခရီးသွား ကဏ္ဍအတွက် အလွန်အရေးကြီးသည့်အခန်း ကဏ္ဍမှ ပါဝင်နေသည်။

“အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ နဲ့ ကျားဖျန့်လုပ်ငန်းတွေကို နှိမ်နင်းတဲ့ ထိုင်း နိုင်ငံရဲ့ ခိုင်မာတဲ့ စီမံချက်တွေအတွက် တ ရုတ်က ကျေးဇူးတင်ပါတယ်”ဟု ရှီက ပေတုန် တန်နှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

ပြည်သူများ၏နေထိုင်ရပ်တည်ရေးနှင့် ပြည်သူများ၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် နှစ်နိုင်ငံအကြား လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့်တရားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွား ရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

၎င်းတို့ နှစ်ဦး တွေ့ဆုံချိန်တွင် မြန်မာနိုင် ငံအတွင်းရှိ ကျားဖျန့်စင်တာများမှ ကယ်တင် နိုင်ခဲ့သည့် လူပေါင်း ၆၁ ဦးသည် ထိုင်းနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ သာနာသစ် ဆာဝန်ဆန်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ကယ်တင်ရရှိခဲ့သူများအနက် တရုတ် လူမျိုး ၃၄ ဦးအပါအဝင် အင်ဒိုနီးရှား၊ အီသီ ယိုပီးယားနှင့် အခြားအာဖရိကနိုင်ငံများမှ နိုင်ငံသားများဖြစ်ကြောင်း ၎င်းင်းကဆိုသည်။

ပေတုန်တန်ကလည်း ထိုင်းနိုင်ငံသို့ လာ ရောက်သည့် ခရီးသွားများနှင့် ပြည်သူများ၏ လုံခြုံရေးသည် အစိုးရအဖွဲ့၏ အမြင့်ဆုံး ဦး စားပေးကိစ္စဖြစ်ကြောင်း ရှီကို အာမခံပြော ကြားခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်ရုံးက ထုတ် ပြန်ခဲ့သည်။

“ထိုင်းနိုင်ငံဟာ ဖြစ်လာနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေကို စနစ်တကျ သတိပေး နှိုးဆော်ဖို့နဲ့ ထိုင်းနိုင်ငံအတွင်းက ဖြတ်သန်း ပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက် ဖို့အတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကို မြှင့်တင်ဖို့ အသင့်ရှိပါတယ်” ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

ထို့ပြင်ကျားဖျန့်စင်တာများသည် ထိုင်း နိုင်ငံ၏အမျိုးသားလုံခြုံရေးပြဿနာဖြစ် သည်ဟု ထိုင်းအစိုးရက သုံးနှုန်းပြောဆိုခဲ့ သည်။

Ref;AFP

Most Read

Most Recent