USAID သည် ဂျော်ဂျီယာရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ဂျော်ဂျီယာလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

USAID သည် ဂျော်ဂျီယာရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ဂျော်ဂျီယာလွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Photo-Trand
Photo-Trand
Published 4 February 2025

အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဖြစ်သည့် USAID သည် ဂျော်ဂျီယာရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ဂျော်ဂျီယာ လွှတ်တော်ဥက္ကဋ္ဌ ရှာလ်ဗာ ပါပူအာရှဗီလီက ပြောကြားခဲ့ကြောင်း Trend သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

USAID သည် နိုင်ငံရေး အန်ဂျီအိုအဖွဲ့များမှတစ်ဆင့် ဂျော်ဂျီယာရွေါ်ကောက်ပွဲအတွက် ဒေါ်လာ ၄၁ ဒသမ ၇ သန်းသုံးစွဲခဲ့ကြောင်း ပါပူအာရှဗီလီက ပြောကြားသည်။

"အမေရိကန်-ဂျော်ဂျီယာ လူဦးရေအချိုးအရ အဲဒီငွေပမာဏဟာ အမေရိကန်ရွေးကောက်ပွဲထဲကို ပြည်ပ ငွေကြေးဒေါ်လာ ၃ ဒသမ ၇၈ ဘီလျံ ဝင်ရောက်တဲ့သဘောမျိုးဖြစ်နေပါတယ်။ နိုင်ငံ့ ဂျီဒီပီအချိုးနဲ့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် ဒီကိန်းဂဏန်းတွေဟာ ပိုပြီးတော့တောင် အဆီအငေါ်မတည့်ဖြစ်လာနိုင်ပါတယ်" ဟု ပါပူအာရှဗီလီက ပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အပြိုင်မဲရလဒ်အမှားများ ပျံ့နှံမှုအတွက် တာဝန်ရှိသည့် USAID သည် ထိုရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခဲ့ညီ့း ၂၀၂၄ ရွေးကောက်ပွဲတွင်လည်း အလားတူလုပ်ဆောင်ခဲ့ကြောင်း၊ ဂျော်ဂျီယာနိုင်ငံတွင်ပြုလုပ်သည့် ရွေးကောက်ပွဲတိုင်းကို နှောင့်ယှက်နေသည့် အန်ဂျီအိုများအတွက် သန်းနှင့်ချီသည့် အမေရိကန်အခွန်ထမ်းပြည်သူများ၏ အခွန်များကို မည်ကဲ့သို့ ၊ မည်သည့်အတွက်ကြောင့် သုံးစွဲနေရသည်ဆိုခြင်းကို ရှင်းလင်းစွာထုတ်ပြန်ရမည်ဟု ပါပူအာရှဗီလီက ၎င်း၏ X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

Ref: Trand

Most Read

Most Recent