အာတီတာနဲ့ ဂွါဒီယိုလာတို့ရဲ့ ထိပ်တိုက်ဆုံတွေ့မှုကို စာရင်းချုပ်လိုက်ရင် ပြိုင်ပွဲစုံ(၁၃)ပွဲမှာ အာတီတာက (၃)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၈)ပွဲရှုံးခဲ့ပေမဲ့ နောက်ဆုံး(၄)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပြီး (၂)ပွဲအနိုင်ယူခဲ့တာကြောင့် လတ်တလောအနေအထားမှာ အာတီတာက အပေါ်စီးရောက်နေတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် လာမယ့်ပွဲမှာလည်း အာတီတာရဲ့ အာဆင်နယ်အသင်း အားသာနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ အာဆင်နယ်အသင်းရဲ့ အဲမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ရမှာကြောင့်လည်း အခုလိုသတ်မှတ်တာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အာဆင်နယ်အသင်းက ပိုပြီးတည်ငြိမ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အာဆင်နယ်အသင်းက နိုင်သင့်တဲ့ပွဲတွေမှာ အမှတ်လျော့တာတွေ ရှိခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး(၁၂)ပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။ မန်စီးတီး ကတော့ အခုနောက်ပိုင်းမှာမှ (၆)ပွဲဆက်ရှုံးပွဲမရှိ ရလဒ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ပြန်တည်ငြိမ်လာတာပါ။ ဒါကြောင့် အိမ်ကွင်းမှာ အာဆင်နယ်အသင်း ရလဒ်ပိုကောင်းနိုင်တယ်လို့ သုံးသပ်ကြတာ ဖြစ်ပါတယ်။
ဒုတိယနေရာအတွက် အမှတ်လုပွဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















