ဒေါ်နယ်ထရန့်နှင့်အငြင်းပွားခဲ့ပြီးနောက် ကိုလံဘီယာက ၎င်း၏နိုင်ငံသားများကို ပြန်ခေါ်ရန် အမေရိကန်သို့ စစ်လေယာဉ်နှစ်စင်း စေလွှတ်

ဒေါ်နယ်ထရန့်နှင့်အငြင်းပွားခဲ့ပြီးနောက် ကိုလံဘီယာက ၎င်း၏နိုင်ငံသားများကို ပြန်ခေါ်ရန် အမေရိကန်သို့ စစ်လေယာဉ်နှစ်စင်း စေလွှတ်
အမေရိကန်နိုင်ငံ ဆန်တီယေဂိုမြို့သို့ထွက်ခွာမည့် ကိုလံဘီယာလေယာဉ်ကို ဇန်နဝါရီ ၂၇ ရက်ကတွေ့ရစဉ်(Photo: AFP)
အမေရိကန်နိုင်ငံ ဆန်တီယေဂိုမြို့သို့ထွက်ခွာမည့် ကိုလံဘီယာလေယာဉ်ကို ဇန်နဝါရီ ၂၇ ရက်ကတွေ့ရစဉ်(Photo: AFP)
Published 28 January 2025

ကိုလံဘီယာရွှေ့ပြောင်းများပြန်ပို့ရေးကိစ္စနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်နှင့် အငြင်းပွားခဲ့ရာတွင် ပြန်လည်အလျှော့ပေးခဲ့ပြီးနောက် ကိုလံဘီယာက အမေရိကန်ပြည်ထောင်စုမှ ရွှေ့ပြောင်းများကို ခေါ်ယူရန် ဇန်နဝါရီ ၂၇ ရက်တွင်  စစ်လေယာဉ်နှစ်စင်းကို စေလွှတ်ခဲ့သည်။

ကိုလံဘီယာ သမ္မတဂူစတာဗိုပီထရိုက ၎င်းသည် နိုင်ငံသားများကို ဂုဏ်သိက္ခာရှိရှိ ပြန်လည်လက်ခံသွားမည်ဟု စောစောပိုင်းတွင် ပြောကြားခဲ့ပြီး နှင်ထုတ်ခံရသောကို လံဘီယာနိုင်ငံသားများလိုက်ပါလာသော အ မေရိကန်စစ်လေယာဉ်နှစ်စီးကိုနောက် ပြန်လှည့်ခိုင်းခဲ့သည်။

၎င်း၏လူအစုလိုက်အပြုံလိုက်ပြန်ပို့ရေးအစီအစဉ်ကို အာခံသည့်အတွက် အပြစ်ပေးသည့်အနေဖြင့် စည်းကြပ်ခွန်အများအပြားကောက်ခံမည်ဟု သမ္မတဒေါ်နယ်ထရန့်က ခြိမ်းခြောက်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း အမေရိကန်ကနှင်ထုတ်ခဲ့သော ကိုလံဘီယာနိုင်ငံသားများ ပြန်ပို့ခြင်းကို ကိုလံဘီယာက လက်ခံလိုက်သည်။

သမ္မတ ပြန်ဖြစ်လာသည်မှာ တစ်ပတ်ပင်မပြည့်သေးသော ထရန့်က ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ကိုလံဘီယာကို သွင်းကုန်စည်းကြပ်ခွန် ၂၅ ရာ ခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး အဆိုပါရာခိုင်နှုန်းကို ၅၀ အထိ လျင်မြန်စွာ တိုးကောက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ပီထရိုကလည်း အမေရိကန်ထုတ်ကုန်များကို စည်းကြပ်ခွန်ကောက်မည်ဟု စောစောပိုင်းတွင် ပြောကြားခဲ့သည်။                             

ကိုလံဘီယာနိုင်ငံသား ၁၁၀ ကို ပြန် လည်ခေါ်ယူရန် အမေရိကန်နိုင်ငံရှိဆန်ဒီယေဂိုမြို့သို့ ကိုလံဘီယာလေတပ် လေယာဉ်စေလွှတ်လိုက်သည်ဟု ဇန်နဝါရီ ၂၇ ရက်တွင် ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်သည် ယင်းနေ့ မွန်းလွဲပိုင်းတွင် ဘိုဂိုတာမြို့မှထွက်ခွာသွားသည်ဟု ဆိုသည်။ လေယာဉ်ပေါ်တွင် ဆေး အဖွဲ့လိုက်ပါသွားသည်ဟုပြောကြားခဲ့သည်။  ယင်းလေယာဉ်ထွက်ခွာသွားပြီး မကြာမီ နောက်ထပ်လေယာဉ်သည် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ကို ထွက်ခွာသွားသည်ဟု ဆိုသည်။

ပြောက်ကျားဟောင်းတစ်ဦးဖြစ်ပြီး ထရန့်၏အစုလိုက်အပြုံလိုက်ပြန်ပို့ခြင်းကို အာခံသည့် ပထမဆုံး လက်တင်အမေရိက ခေါင်းဆောင်ဖြစ်သည့် ပီထရိုက ရာဇဝတ်သားများကဲ့သို့ ဆက်ဆံခြင်းမခံရဘဲ အရပ် ဘက်လေကြောင်းခရီးများဖြင့် ပြန်လာသော ရွှေ့ပြောင်းများကိုသာလက်ခံမည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သော အပတ်က ရွှေ့ပြောင်းအများအပြား လက်ထိတ်ခတ်လျက်ဘရာဇီးသို့ ပြန်ပို့ခံရသည့်ကိစ္စအတွက် ကိုလံဘီယာ၏လက်ဝဲယိမ်းမဟာမိတ်နိုင်ငံ ဘရာဇီးကဝေဖန်ခဲ့ပြီးနောက် ကိုလံဘီယာသမ္မတ၏အ ထက်ပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘရာဇီးရွှေ့ပြောင်းများလက်ထိတ်ခတ်လျက် ပြန်ပို့ခံရသည့်ကိစ္စအတွက်ဘရာဇီးကဇန်နဝါရီ ၂၇ ရက်တွင် အမေရိကန် သံတမန်ကိုချက်ချင်းဆင့်ခေါ်ခဲ့ပြီး အမေရိကန်၏ ပြုမူပုံကို ရှင်းလင်းစေခဲ့သည်။

သို့သော် ထရန့်က ကိုလံဘီယာကို စည်းကြပ်ခွန်ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ကိုလံဘီယာသမ္မတက ၎င်းပြောခဲ့ သောစကားများကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။

ထရန့်က ယင်းကိစ္စနှင့်ပတ်သက်၍ အောင်ပွဲရသည်ဟု ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ မိုင်ယာမီ၌ပြုလုပ်သည့် အောက်လွှတ်တော်ရှိ ရီပတ်ဘလီကင်အမတ်များနှင့် နှစ်စဉ်တွေ့ဆုံပွဲတွင် ထရန့်က အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကသည် ပြန်၍လေးစားခံရသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“နိုင်ငံတိုင်းဟာ သူတို့ရဲ့လူတွေကို ပြန်လက်ခံရမယ်လို့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြောထားပြီးသားပါ။ ကျွန်တော်တို့က သူတို့ဆီကလာတဲ့ ရာဇဝတ်သားတွေ၊ တရားမဝင်တိုင်းတစ်ပါးသားတွေကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။ လက်မခံဘူးဆိုရင်တော့ အဲဒီနိုင်ငံတွေဟာ စီးပွားရေးပိုင်းမှာ ပေးဆပ်ရမှာပါဟု ၎င်းက ပြောသည်။       

Ref: AFP

Most Read

Most Recent