တစ်ခါတလေတော့ ဘောလုံးကို မုန်းတယ် (Life)

တစ်ခါတလေတော့ ဘောလုံးကို မုန်းတယ် (Life)
Photos: Getty Images
Photos: Getty Images
Published 25 January 2025
WY

"တစ်ခါတလေတော့ ဘောလုံးကို မုန်းတယ်" လို့ အန်နာမာရီယာမာကိုဗစ်က Instagram ကတစ်ဆင့် ရင်ဖွင့်လိုက်ပါတယ်။ မာကိုဗစ်ကို သိတယ်မဟုတ်လား။ ကမ္ဘာမှာ အလှဆုံးအမျိုးသမီး ဘောလုံးသမားလို့ သတ်မှတ်ခံထားရတဲ့ ခရိုအေးရှားလက်ရွေးစင်တိုက်စစ်မှူးပါ။ အသက် (၂၅)နှစ်အရွယ် မာကိုဗစ်က ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် ပွဲ(၂၀)ကစားထားပါတယ်။ လက်ရှိ သူကစားနေတဲ့ကလပ်ကတော့ ပေါ်တူဂီကလပ် ဘရာဂါ အသင်းပါ။ သူက ချစ်သူအဖြစ်လည်း ဘောလုံးသမားတစ်ယောက်ကိုပဲ ရွေးချယ်ထားပါတယ်။ သူ့ချစ်သူကတော့ ပေါ်တူဂီကလပ် ဖာရန်ဆီအသင်းက အမျိုးသားဘောလုံးသမား တိုမက်စ်ရီဘီယာရိုပါ။ အမျိုးသမီးဘောလုံးသမားရဲ့ချစ်သူက အမျိုးသားဘောလုံးသမားပဲ ဖြစ်မှာပေါ့လို့ အငေါ်မတူးပါနဲ့။ အမျိုးသမီးဘောလုံးသမားတွေက လိင်တူချစ်သူတွေနဲ့ တွဲတတ်ကြလို့ အခုလို တိတိကျကျ ဖော်ညွှန်းလိုက်တာပါ။ ဘောလုံးသမားကိုပဲ ချစ်သူတော်ထားတဲ့ မာကိုဗစ်က ဘာလို့ ဘောလုံးကို မုန်းရတာတဲ့လဲ . . .

 

Most Read

Most Recent