ဒေါ်နယ်ထရန့်က အမေရိကန်၏ ၄၇ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

ဒေါ်နယ်ထရန့်က အမေရိကန်၏ ၄၇ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Published 20 January 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇန်နဝါရီ ၂၀ ရက် ဝါရှင်တန်စံတော်ချိန် နေ့လယ် ၁၂ နာရီတွင် အမေရိကန်၏ ၄၇ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ဝါရှင်တန်တွင် အလွန်အေးသည့် ရာသီဥတုအခြေအနေကြောင့် အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို လွှတ်တော်အဆောက်အအုံ ရှေ့ဘက်မျက်နှာစာ ပြုလုပ်ခဲ့ခြင်းမရှိဘဲ လွှတ်တော်အတွင်းရှိ ခန်းမဆောင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုကျမ်းသစ္စာကျိန်ဆိုပွဲသည် ၁၉၈၅ ခုနှစ်နောက်ပိုင်း ရာသီဥတုအအေးဆုံးအချိန်တွင် ပြုလုပ်သည့် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲဖြစ်သည်။

ထရမ့်သည် ၄၅ ဦးမြောက် အမေရိကန်သမ္မတအဖြစ် ၂၀၁၇ ခုနှစ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ဖူးပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်တွင် ၄၇ ဦးမြောက် အမေရိကန်သမ္မတအဖြစ် နောက်တစ်ကြိမ် ကျမ်းသစ္စာ ကျိန်ဆိုခြင်း ဖြစ်သည်။

Ref:CNN

Most Read

Most Recent