ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် အဌားယာဉ်မောင်းတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံး

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် အဌားယာဉ်မောင်းတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံး
Published 17 January 2025

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် အဌားယာဉ်မောင်းတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ဇေယျာသီရိရပ်ကွက် ဇေယျာသီရိ ၆ လမ်းထိပ်၊ ပေ-၈၀ လမ်းပေါ်ရှိ အငှားယာဉ်ငယ်ပေါ်တွင် ယာဉ်မောင်းဖြစ်သူမှာ လည်ပင်းပြတ်ရှ ဒဏ်ရာနှင့် ရင်အုံတွင် ထိုးသွင်းဒဏ်ရာများကို တွေ့ရှိခဲ့သဖြင့် သစ္စာမဏ္ဍိုင်လူမှုကူညီ ကယ်ဆယ်ရေးအသင်း (ဒေါပုံ)မှ စေတနာ့ဝန်ထမ်းများ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

ဓားဒဏ်ရာများ ရရှိထားသည့် ယာဉ်မောင်းမှာ ဇေယျာသီရိရပ်ကွက်တွင်နေသူဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ရှိ ကိုကျော်ကျော်ဟန်ဆိုသူဖြစ်ပြီးအဆိုပါ ဒဏ်ရာရရှိထားသူအား သစ္စာမဏ္ဍိုင်အသင်း၏ အရေးပေါ်ယာဉ်ဖြင့် တင်ဆောင်၍ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ရရှိထားသော ဓားဒဏ်များကြောင့် သေဆုံးသွားကြောင်း သစ္စာမဏ္ဍိုင်လူမူကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

Most Read

Most Recent