တရုတ်ပန်းပုပညာရှင်တစ်ဦးက တရားထိုင်နေသည့်ပုံစံ ထုလုပ်ထားသည့် ဒေါ်နယ်ထရန့်၏ ရုပ်တုများကို ရောင်းချ

တရုတ်ပန်းပုပညာရှင်တစ်ဦးက တရားထိုင်နေသည့်ပုံစံ ထုလုပ်ထားသည့် ဒေါ်နယ်ထရန့်၏ ရုပ်တုများကို ရောင်းချ
Photo: AFP
Photo: AFP
Published 13 January 2025

တရုတ်နိုင်ငံ၏ ဒီဇိုင်နာတစ်ဦးဖြစ်ပြီး ပန်းပုပညာရှင်တစ်ဦးဖြစ်သည့် ဟောင်ကျင်ရှီက အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို တရားထိုင်နေသည့်ပုံစံအတိုင်း ထုဆစ်ပုံဖော်ပြီး ရောင်းချနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။ ထိုရုပ်တုတွင် ဒေါ်နယ်ထရန့်သည် မျက်လွှာချထားပြီး တင်ပျဉ်ခွေထိုင်နေသည့်ပုံစံဖြစ်သည်။ 

ဟောင်သည် ထိုရုပ်တုများကို အရွယ်အစားအပေါ်မူတည်ပြီး ၉၉၉ ယွမ်မှ ယွမ် ၂၀၀၀၀ (ဒေါ်လာ ၁၄၀ မှ ဒေါ်လာ ၂၇၀၀) အကြား အသီးသီး စျေးသတ်မှတ်ပြီး ရောင်းချနေသည်။ ထိုရုပ်တုသည် ၂၀၂၁ ခုနှစ်က တရုတ်၏ Taobao အွန်လိုင်းအရောင်းအဝယ်ဝက်ဘ်ဆိုက်တွင် ပထမဆုံးအကြိမ် လူသိများခဲ့သည်။ ထရန့်သည် ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုရန် နီးကပ်လာချိန်တွင် ထိုရုပ်တုများသည် တဖန်ပြန်လည်ရေပန်းစားလာခဲ့ခြင်းဖြစ်သည်။

သူ (ထရန့်)ရွေးကောက်ပွဲ နိုင်ပြီးတော့ ရက်အနည်းငယ်အတွင်းမှာပဲ ဒီရုပ်တုတွေကို လူတွေက စိတ်ဝင်စားလာခဲ့ကြပါတယ်ဟု ဟောင်က ပြောကြားခဲ့သည်။  “ပုံမှန်အားဖြင့် နိုင်ငံရေးသမားတွေက ပျင်း ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ထရန့်ကတော့ အများနဲ့မတူဘဲ ထူးခြားတဲ့သူဖြစ်ပါတယ်ဟု ဟောင်က ပြောကြားခဲ့သည်။

Ref: AFP

               

Most Read

Most Recent