အကြိမ် ၇၀ မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် အက္ခရာ ရှစ်လုံးဖြင့် ထီလက်မှတ်များ ထုတ်ဝေခဲ့ကာ ထီစာအုပ် ၆၅၄၅၄၄ အုပ် ရောင်းချနိုင်ခဲ့

အကြိမ် ၇၀ မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် အက္ခရာ ရှစ်လုံးဖြင့် ထီလက်မှတ်များ ထုတ်ဝေခဲ့ကာ ထီစာအုပ် ၆၅၄၅၄၄ အုပ် ရောင်းချနိုင်ခဲ့
Published 31 December 2024

အကြိမ် ၇၀ မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် အက္ခရာ ရှစ်လုံးဖြင့် ထီလက်မှတ်များ ထုတ်ဝေခဲ့ကာ ထီစာအုပ် ၆၅၄၅၄၄ အုပ် ရောင်းချနိုင်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပမည့် အကြိမ် ၇၀ မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် ထိ စုစုပေါင်းအက္ခရာ ရှစ်လုံးမှ ထီစာအုပ် ၆၅၄၅၄၄ အုပ်အား ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၆၅၄၅ ဒသမ ၄၄၀ ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၄၅၈၁ ဒသမ ၈၀၈ ဖြစ်ကြောင်း၊ အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ၁ဝဆု၊ ကျပ်သိန်းငါးဆယ် ၁၃ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၅ ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၈၀၀ ဆု၊ ကျပ်တစ်သိန်း ၆၀၀၀ ဆု၊ ကျပ်ငါးသောင်း ၃၀၀၀၀ ဆု၊ ကျပ်တစ်သောင်းဆု ၁၀၀၀၀၀ စသည့်ဆုမဲများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ် ၁၀ သိန်း လေးဆု၊ ကျပ်သုံးသိန်းဆု ၂၀ ဆု၊ ကျပ်နှစ်သိန်းဆု ၂၀၀ နှင့် ကျပ်တစ်သိန်း ၂၀၀၀ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အကြိမ် ၇၀ မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် ဗုဒ္ဓဘူးနေ့ နံနက် နာရီအချိန်တွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent