ရဝမ်ဒါတွင် အရက်ဆိုင်တစ်ဆိုင်အတွင်း စစ်သားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အရပ်သား ငါးဦး သေဆုံး

ရဝမ်ဒါတွင် အရက်ဆိုင်တစ်ဆိုင်အတွင်း စစ်သားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အရပ်သား ငါးဦး သေဆုံး
Published 13 November 2024

နိုဝင်ဘာ ၁၃ ရက်က ရဝမ်ဒါနိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အရက်ဆိုင်တစ်ဆိုင်အတွင်း စစ်သားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အရပ်သားငါးဦး သေဆုံးခဲ့ကြောင်း ရဝမ်ဒါစစ်တပ်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မသိရသေးပေ။

သို့သော် သေနတ်သမားသည် အသက် ၂၉ နှစ်အရွယ် တပ်ကြပ်တစ်ဦးဖြစ်ကြောင်း ရဝမ်ဒါ ကာကွယ်ရေးတပ်ဖွဲ့ (RDF) က ထုတ်ပြန်ခဲ့သည်။

"RDF ဟာ သံသယရှိသူကို ဖမ်းဆီးခဲ့ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ" ဟု အရှေ့အာဖရိကနိုင်ငံဖြစ်သည့် ရဝမ်ဒါနိုင်ငံ၏ စစ်တပ်က ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ကပ်ရောဂါကာလအတွင်းကလည်း ကန်ဂွန်ဒိုဆင်းရဲသား ရပ်ကွက်တွင် ရဝမ်ဒါစစ်သား ခြောက်ဦးသည် အရပ်သားများကို အဓမ္မပြုကျင့်မှု၊ ရိုက်နှက်မှု စွဲချက်များကြောင့် ဖမ်းဆီးခံခဲ့ရသည်။

Ref:AFP

Most Read

Most Recent