လက်ရှိကျင်းပနေသည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲရလဒ်အသာဖြင့် ဦးဆောင်နေသည့် သမ္မတဟောင်းဒေါ်နယ်ထရန့် အနိုင်ရလိမ့်မည်ဟု Fox သတင်းဌာနက ခန့်မှန်းထုတ်ပြန်ခဲ့သည်။
ထရမ့်သည် ၁၈၀၀ ပြည့်နှစ်ကျော်ကာလများက အမေရိကန်သမ္မတတစ်ဦးဖြစ်သည့် ဂရိုဗာ ကလီဗင်လန်းနောက်ပိုင်း ရွေးကောက်ပွဲတစ်ကြိမ်ရှုံးနိမ့်ပြီးမှ နောက်တစ်ကြိမ် အနိုင်ပြန်ရသည့် ပထမဆုံးသမ္မတတစ်ဦး ဖြစ်လာလိမ့်မည်ဟု Fox က ဖော်ပြခဲ့သည်။