■ မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်ရှိ   ဟိုတယ် တစ်ခုပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

■ မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်ရှိ   ဟိုတယ် တစ်ခုပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
Published 10 October 2024

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်ရှိ   ဟိုတယ်တစ်ခုပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု အောက်တိုဘာ  ၈ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ်၊  ၃၅ လမ်း၊ ၅၈ လမ်း နှင့် ၅၉ လမ်းကြားရှိ Hotel Apex ၊   အပေါ်ဆုံးထပ်ရှိ Sky Bar သို့ အသက်၂၃နှစ်အရွယ်အမျိုးသားတစ်ဦး  ရောက်ရှိလာပြီး ကောက်တေး တစ်ခွက်သောက်ကာ ခုန်ချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသိုခုန်ချမှုကြောင့် ဟိုတယ်အောက်သို့ပြုတ်ကျသွားခဲ့ရာ  မျက်နှာချိုင့်ဝင် ၊ မျက်လုံးစုက်ပြဲ၊ မေးစေ့စုတ်ပြဲ ဒဏ်ရာတို့အပြင်  ရင်ဘက်ထိုးသွင်း ဒဏ်ရာနှင့် လက်ဖျံပြတ်ရှ ဒဏ်ရာတို့ပါ ပါရှိနေသဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ၊ အဆိုပါအမျိုးသားမှာမူ အခင်းဖြစ်ပွားရာနေရာတွင်ပင်  သေဆုံးသွားခဲ့ကြောင်း သိရသည်။



 

Most Read

Most Recent