တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ကန့်ကွက်မှုများရှိနေသည့်တိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်မှုများကို ရပ်တန့်မည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ကန့်ကွက်မှုများရှိနေသည့်တိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်မှုများကို ရပ်တန့်မည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား
၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင်ပြုလုပ်သည့် အာဆီယံအစည်းအဝေးတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကို တွေ့ရစဉ်(Photo: Reuters)
၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင်ပြုလုပ်သည့် အာဆီယံအစည်းအဝေးတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကို တွေ့ရစဉ်(Photo: Reuters)
Published 5 September 2024

တောင်တရုတ်ပင်လယ်အတွင်း နယ်နိမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တရုတ်၏ ဆန့်ကျင်ကန့်ကွက်မှုများရှိနေသည့်တိုင် မလေးရှားအနေဖြင့် ရေနံနှင့်သဘာဝဓာတ် ငွေ့တူးဖော်မှုများကို ရပ်တန့်သွားမည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် ရောက်ရှိနေသည့် အန်ဝါက မလေးရှား၏ စွမ်းအင်တူးဖော်မှုများသည် မိမိတို့နယ်နိမိတ် အတွင်းတွင် တူးဖော်ခြင်းဖြစ်ပြီး တရုတ်ကို ရန်စခြင်း သို့မဟုတ် ရန်လိခြင်းမရှိကြောင်း အန်ဝါက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ နယ်နမိတ်ထဲမှာရေနံတူးဖော်မှုအပါအဝင် စီးပွားရေးလှုပ်ရှားမှုတွေကို ဘေးကင်းလုံခြုံစွာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရေပိုင်နက်ထဲမှာပဲ လုပ်ဆောင်သွားမှာပါ” ဟု အန်ဝါက ဗလာဒီဗော့စတော့မြို့တွင် ရုပ်သံမှထုတ်လွှင့် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ တရုတ်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ အလားအလာကို ဘယ်တုန်းကမှမငြင်းခဲ့ဘူး။ ဒါပေမယ့် အဲဒါက ကျွန်တော် တို့ရေပိုင်နက်ထဲမှာ စွမ်းအင်တူးဖော်တာတွေကို ရပ်တန့်မယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး” ဟု အန်ဝါက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေါက်ကြားလာခဲ့သည့် လျှို့ဝှက်အဆင့်သံတမန်ပေးစာတစ်စောင်ကို စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်မီဒီယာတစ်ခုက ဖော်ပြခဲ့သည့် အဆိုပါပေးစာတွင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ နယ်နိမိတ်အတွင်း မလေးရှားက ရေနံများနှင့် သဘာဝဓာတ်ငွေ့များတူးဖော်နေဖြင်းဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားထားသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်းကြေညာထားပြီး ဖိလစ်ပိုင်၊ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေကာ ထိုနိုင်ငံများနှင့် စွမ်းအင်တူးဖော်မှုလုပ်ငန်းစဉ်များကို ရှုပ်ထွေးစေခဲ့သည်။

နိုင်ငံတကာဥပဒေအရ နိုင်ငံတစ်နိုင်ငံ၏ အထူးစီးပွားရေးဇုန်သည် အချုပ်အခြာအာဏာပိုင်သည့်အဓိပ္ပာယ်မဟုတ်သော်လည်း ထိုဇုန်အတွင်းရှိ သဘာဝသယံဇာတများကို ထုတ်ယူခွင့်ရရှိထားသည်။

မလေးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သည့် Petronas သို့မဟုတ် Petroliam Nasional Berhad 1တို့သည့် တောင်တရုတ် ပင်လယ်ရှိ မလေးရှား၏ အထူးစီးပွားရေးဇုန်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တူးဖော်လျက်ရှိသည်။

မလေးရှား၏ စွမ်းအင်တူးဖော်မှုများကိုရပ်နားရန် တရုတ်ကကန့်ကွက်စာတစ်စောင် သို့မဟုတ် နှစ်စောင်ပေးပို့ခဲ့ကြောင်း အန်ဝါ ကပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

သို့သော် မလေးရှားအနေဖြင့် မိမိတို့၏ သဘောထားနှင့်ပတ်သက်ပြီး တရုတ်ကို ဆက်လက်ရှင်းပြသွားမည်ဖြစ်ကြောင်း အန် ၀ါက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အခြားသူတွေရဲ့ နယ်စပ်တွေကို ချိုးဖောက်ဝင်ရောက်မှာမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ မူဝါဒဖြစ်ပါတယ်”ဟု အန်ဝါက ပြောကြားခဲ့သည်။

Ref: Reuters

Most Read

Most Recent