အင်္ဂလန်အသင်းနည်းပြသစ် ဘယ်သူဖြစ်လာမလဲ

အင်္ဂလန်အသင်းနည်းပြသစ် ဘယ်သူဖြစ်လာမလဲ
Photos: Getty Images
Photos: Getty Images
Published 20 July 2024
AK

အင်္ဂလန်အသင်းက နည်းပြသစ်ရှာပုံတော် ဖွင့်ရပါပြီ။ ယူရို၂၀၂၄ ဖိုင်နယ်မှာ ဒုတိယလူအဖြစ်ကြေကွဲရပြီးနောက် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ကိုယ့်အကြောင်းကိုယ်သိပြီး ရာထူးကနေနုတ်ထွက်ခဲ့ပါတယ်။ ဆောက်ဂိတ် လက်ထက်မှာ အင်္ဂလန်အသင်းက ယူရိုနှစ်ကြိမ်ဆက်ဒုတိယနေရာရခဲ့သလို၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ဆီမီးဖိုင်နယ် ရောက်ခဲ့တယ်။ ဒါပေမဲ့ ဆောက်ဂိတ်နေရာမှာ တခြားနည်းပြ တစ်ယောက်ယောက်သာဆိုရင် အင်္ဂလန်အသင်း ချန်ပီယံဆုရနေလောက်ပြီလို့ယူဆသူတွေလည်း ရှိနေပါတယ်။ ကြယ်ပွင့်ကစားသမား အစုအဝေးကြီး ပိုင်ဆိုင်ထားပေမယ့် အကောင်းဆုံးစွမ်းရည်ရရှိအောင် ဦးမဆောင်နိုင်တာ ဆောက်ဂိတ်ရဲ့အားနည်းချက်ပါပဲ။ ဆောက်ဂိတ်က ကုဋ္ဌေရှစ်ဆယ်သူဌေးသားလို ဖြစ်ခဲ့ရတယ်။ အခု အင်္ဂလန်ရဲ့နည်းပြသစ်ရှာပုံ တော်ခရီးမှာ ဘယ်သူတွေပါဝင်နေလဲ ပြောပြချင်ပါတယ် . . .

 

Most Read

Most Recent