ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီးနောက် လန်ဒန်ရုပ်ရှင်ရုံက AI ဖြင့် ရေးသားထားသော ရုပ်ရှင်ကို ပြသခွင့်ဖျက်သိမ်း

ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီးနောက် လန်ဒန်ရုပ်ရှင်ရုံက AI ဖြင့် ရေးသားထားသော ရုပ်ရှင်ကို ပြသခွင့်ဖျက်သိမ်း
Published 24 June 2024

လူအများ၏ ဝေဖန်မှုများကို ကြုံတွေ့ခဲ့ပြီးနောက် လန်ဒန်ရုပ်ရှင် ရုံတစ်ရုံက ဇာတ်ညွှန်းတစ်ရပ်လုံးကို AI အသုံးပြု၍ ရေးသားထားသော ရုပ်ရှင်တစ်ကားကို ပြသမှုအားဖျက် သိမ်းခဲ့သည်ဟု သိရသည်။

ChatGPT ဖြင့် ဖန်တီးထား သော The Last Screenwriter ရုပ်ရှင်ကို ဆိုဟိုရှိ The Prince Charles ရုပ်ရှင်ရုံက ရုံတင်ပြသရန် စီစဉ်ထားခဲ့သည်။

သို့သော် စာရေးဆရာတစ်ဦး၏နေရာတွင် AI ကို အသုံးပြုသည့်အပေါ် လူအများ၏ စိုးရိမ်မှုများမြင့် တက်လာခဲ့ပြီးနောက် ယင်းရုပ်ရှင် ပြသမှုကို ဖျက်သိမ်းကြောင်း ရုပ်ရှင်ရုံက ထုတ်ပြန်ကြေညာခဲ့သည်။

Instagram တွင်မျှဝေထားသော ထုတ်ပြန်ချက်၌ ၎င်း၏ကြည့်ရှုသူများသည် ရုပ်ရှင်လောကအတွင်း ပိုမိုကျယ်ပြန့်သော ပြဿနာရပ်အပေါ် ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ပြသမှုကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပီတာလူဝီဆီဖန်တီးထားသည့် ယင်းရုပ်ရှင်သည် ဇာတ်ညွှန်းတစ်ခုလုံးကို AI ဖြင့် ရေးသားထားသော ပထမဆုံးရုပ်ရှင်အဖြစ် ထင်ရှားလာခဲ့သည်။

အထင်ကရ ဇာတ်ညွှန်းရေးဆရာ ဂျက်က AI ဇာတ်ညွှန်းရေးသားသည့်စနစ်ကို ကြုံတွေ့ခဲ့ရသည့်အပေါ် အလွန်တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီးနောက် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

AI သည် ၎င်း၏အရည်အချင်းများနှင့် တူညီနေသည်ကို သတိပြုမိခဲ့ကြောင်း ဂျက်ကဆိုသည်။

ထုတ်လုပ်ရေးအဖွဲ့၏နောက်ကွယ်မှ လူများ၏ ပြောကြားချက်အရ AI သည် ရုပ်ရှင်တစ်ကားလုံးကို ရေးသားနိုင်ခြင်းရှိ၊မရှိ သိရှိလိုပြီးထိုရုပ်ရှင်ကို ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့လုံးက ထုတ်လုပ်လျှင် မည်မျှကောင်း နိုင်မည်ကို သိရှိလိုခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

Prince Charles ရုပ်ရှင်ရုံ၏ ထုတ်ပြန်ချက်အရ ရုပ်ရှင်ရိုက်ကူးရေးတွင် AI နှင့် အနုပညာအပေါ်အ ပျက်သဘောဆောင်သည့် သက်ရောက်မှုများကို ဆွေးနွေးရန်မျှော်လင့်နေသည့် ရုပ်ရှင်ရိုက်ကူးသူတစ် ယောက်က ရိုက်ကူးရေးတွင်စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောပြခဲ့သည်ဟု ထုတ် ပြန်ထားသည်။

“စာရေးဆရာအစား AI ကိုအသုံးပြုခြင်းအပေါ် ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်မှုကိုတုံ့ပြန်တဲ့အနေနဲ့ ဒီရုပ်ရှင်ကို ပြသမှုဖျက် သိမ်းလိုက်တာဖြစ်ပါတယ်”ဟုရုပ်ရှင်ရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent