အဖွဲ့ဝင်ဂျင် စစ်မှုထမ်းကာလ ပြီးဆုံးသည့်အထိမ်းအမှတ် BTS တစ်ဖွဲ့လုံး ပြန်လည်ဆုံတွေ့ကြမည်

အဖွဲ့ဝင်ဂျင် စစ်မှုထမ်းကာလ ပြီးဆုံးသည့်အထိမ်းအမှတ် BTS တစ်ဖွဲ့လုံး ပြန်လည်ဆုံတွေ့ကြမည်
■Photo: Pinkvilla
■Photo: Pinkvilla
Published 11 June 2024

BTS အဖွဲ့ဝင်ဂျင် ဇွန် ၁၂ ရက်တွင် စစ်မှုထမ်းကာလပြီးဆုံးပြီဖြစ်ပြီး ထိုနေ့တွင်အဖွဲ့ဝင်ခုနစ်ဦးစလုံး ပြန်လည်ဆုံတွေ့ကြမည်ဟု တောင်ကိုရီးယား Dispatch မီဒီယာက ဖော်ပြထားသည်။

ကျန်အဖွဲ့ဝင်ခြောက်ဦးဖြစ်သည့် အာအမ်၊ ရှူဂါ ၊ ဂျေဟုပ်၊ ဂျီမင်၊ ဂျောင်ကွတ်နှင့်ဗွီတို့က စစ်မှုထမ်းဆောင်နေဆဲဖြစ်ပြီး အဖွဲ့စုဆုံပွဲအတွက် ၎င်းင်းတို့ခြောက်ဦးက ခွင့်တစ်ရက်တိုင်ထားသည်ဟုလည်း Dispatch သတင်းတွင်ပါရှိသည်။

တွေ့ဆုံမည့်နေရာက ဆိုးလ်ရှိနေရာတစ်ခုတွင်ဖြစ်သည်။ဂျင်သည် BTS အဖွဲ့တွင် အသက်အကြီးဆုံးလည်းဖြစ် ၊၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင်စစ်မှုထမ်းလိုက်သည့်  ပထမဆုံးအဖွဲ့ဝင်လည်းဖြစ်သည်။

စစ်ထဲမှထွက်လာပြီးနောက်တစ်နေ့တွင် ဂျင်အတွက် ပရိသတ်နှင့်တွေ့ဆုံပွဲတစ်ခုစီစဉ်ထားသည်။ဂျင်ပြီးလျှင် စစ်မှုထမ်းကာလ ပြီးဆုံးတော့မည့် ဒုတိယအဖွဲ့ဝင်က ဂျေဟုပ်ဖြစ်သည်။ အောက်တိုဘာတွင် ၎င်း၏စစ်မှု ထမ်းကာလပြည့်မည်။ BTS အဖွဲ့လိုက် ဂီတလှုပ်ရှားမှုများကိုမူ ၂၀၂၅ ခုနှစ်နှစ်လယ်မှသာ ပြန်မြင်ရဖွယ်ရှိသည်။

ဂျင်စစ်ထဲမှထွက်လာမည့်နေ့တွင် လူပိတ်ဆို့မှုများ၊တစ်စုံတစ်ရာထိခိုက်မှုများ မဖြစ်အောင်ပရိသတ်များအနေဖြင့် လာရောက်စောင့်ဆိုင်းနေခြင်းမပြုရန်လည်း BTS ၏အေဂျင်စီ Big Hit Music ကအလေး အနက်မေတ္တာရပ်ခံထားသည်။ထို့ပြင်ထိုနေ့တွင် မီဒီယာနှင့်တွေ့ပွဲ၊ပရိသတ်နှင့်တွေ့ပွဲများ စီစဉ်ထားခြင်းမရှိသည်ကိုပါ အေဂျင်စီကကြေညာထားသည်။

ဇွန် ၁၃ ရက်တွင်စီစဉ်ထားသည့် ဂျင်နှင့်ပရိသတ်တွေ့ဆုံပွဲတွင်မူ ပရိသတ်ဦးရေ ၁၀၀၀ ခန့်ပါဝင်မည်ဟု သိရသည်။

Most Read

Most Recent