အတ္တလန်တာနှင့် ယူရိုပါလိဂ်ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းမှာ ချယ်လ်ဆီးတွင်ရခဲ့စဉ်ကထက် ပိုမိုခက်ခဲခဲ့ဟု ဇာပါကော်စတာ ဆို

အတ္တလန်တာနှင့် ယူရိုပါလိဂ်ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းမှာ ချယ်လ်ဆီးတွင်ရခဲ့စဉ်ကထက် ပိုမိုခက်ခဲခဲ့ဟု ဇာပါကော်စတာ ဆို
Photo: X
Photo: X
Published 27 May 2024

အတ္တလန်တာအသင်း၏ အီတလီဝါရင့်နောက်ခံလူ ဇာပါကော်စတာ (၃၁ နှစ်)က ယခုရာသီတွင် အတ္တလန်တာအသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းမှာ ချယ်လ်ဆီးအသင်းတွင် ရခဲ့စဉ်ကထက် ပိုမိုခက်ခဲခဲ့သည်ဟုပြောကြားခဲ့သည်။

ဇာပါကော်စတာသည် ၂၀၁၇ နွေရာသီတွင် တိုရီနိုအသင်းမှချယ်လ်ဆီးအသင်းသို့ပြောင်းရွှေ့ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရသော်လည်း ရှုံးထွက်ဖလားပွဲစဉ်များတွင် ခြေစွမ်းပြခဲ့ပြီး အသင်းနှင့်အတူ FA ဖလား ချန်ပီယံဆုနှင့် ယူရိုပါလိဂ်ချန်ပီယံဆုများကိုရယူနိုင်ခဲ့သူဖြစ်သည်။

ထို့နောက် ဇာပါကော်စတာသည် ၂၀၂၁ နွေရာသီတွင် ချယ်လ်ဆီးအသင်းမှ အသင်းဟောင်း အတ္တလန်တာသို့ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီတွင်ပင် အသင်း၏အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သလို၊ ယခုရာသီတွင် ယူရိုပါလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဇာပါကော်စတာက ''ယူရိုပါလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီးနဲ့ရခဲ့တာထက် အခု အတ္တလန်တာနဲ့ ရယူနိုင်ခဲ့တာက ပိုမိုခက်ခဲခဲ့ပါတယ်။ ပြီးတော့ ပိုမိုလှပချိုမြိန်တဲ့အောင်ပွဲလည်းဖြစ်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent