ကိုယ်ဝန်ဆောင်သွေးအားနည်းရောဂါ (Anaemia of pregnancy)

ကိုယ်ဝန်ဆောင်သွေးအားနည်းရောဂါ (Anaemia of pregnancy)
Published 26 May 2024
​​​​​​​ဒေါက်တာလွင်သန့်

ကိုယ်ဝန်ဆောင်ချိန်မှာသွေးအားနည်းတာကအနည်းနဲ့အများတော့ဖြစ်တတ်ကြပါတယ်။သွေးအားနည်းဖြစ်ပါက(Anaemia)ပါက‌သွေးနီဥမလုံလောက်တာကြောင့်ကိုယ်တစ်သျှူတွေနဲ့ကလေးဆီကိုအောက်စီဂျင်လုံလောက်စွာပို့နိုင်မှာမဟုတ်ပါဘူး။ကိုယ်ဝန်ဆောင်စဉ်မှာသန္ဓေသားဖွံ့ဖြိုးကြီးထွားဖို့အတွက်မိခင်ခန္ဓာကိုယ်ကသွေးနီဥတွေကိုပိုမိုထုက်လုပ်ရပါတယ်။ကိုယ့်ခန္ဓာကိုယ်ကသံဓာတ်(သို့)အာဟာရဓာတ်တွေမလုံလောက်ရင်သွေးနီဉထုက်လုပ်မှုလျော့နည်းစေပါတယ်။

      သွေးအားနည်းနိုင်ခြေများတဲ့အခြေအနေတွေကကိုယ်ဝန်ဆောင်အမျိုးသမီးဘေလုံးသွေးအားနည်းရောဂါ၊ဖြစ်နိုင်ခြေများတယ်။သည်အချိန်မှာခါတိုင်းထက်၊သံဓာတ်နဲ့ဖောလိတ်(Folate)ထက်ပိုလိုအပ်လာတာထုံးစံပဲဖြစ်ပါတယ်။ဒါပေမယ့်သာမန်ကိုယ်ဝန်ဆောင်ဓာတ်သွေးအားနည်းတာပိုဖြစ်နိုင်ခြေများပါတယ်။

       အမြွှာကိုယ်ဝန်ဆောင်ထားသူတွေ၊ကလေးတစ်ယောက်နဲ့တစ်ယောက်ယူတာနီတဲ့သူတွေ၊ကိုယ်ဝန်ရှိစမှာဆိုးဆိုးရွားရွား၊အားနည်းသူတွေ၊ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်တွေ၊သံဓာတ်ကြွယ်ဝတဲ့အစာမစာသုံးသူတွေ၊ကိုယ်ဝန်မရှိခင်ကတည်းက‌သွေးအားနည်းတတ်သူတွေမှာကိုယ်ဝန်ဆောင်သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။

      ခံစားရတဲ့လက္ခဏာတွေကကိုယ်ဝန်ဆောင်ချိန်မှာသွေးအားနည်းပါက၊အရေပြားနူတ်ခမ်းနဲ့ခြေသည်း၊လက်သည်းတွေ၊ဖျော့တော့နေတာ၊မောပန်းပြီး၊အာမရှိသလို၊ခံစားရတာ၊မူးစေတာ၊အသက်ရူမြန်တာ၊နှလုံးခုန်မြန်တာ၊အာရုံစူးစိုက်ဖို့ခက်ခဲတာစတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

       သွေးအားနည်းရောဂါအမျိုးအစားများရှိပါတယ်။ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်နိုင်ခြေများတဲ့သွေးအားနည်းနေချိန်မှာဖြစ်နိုင်ခြေများတဲ့သွေးအားနည်းရောဂါအမျိုးအစားတွေက(၁)သံဓာတ်ချိုတဲ့သွေးအားနည်းရောဂါ(၂)ဖောလိတ်(Folate)ချိုတဲ့သွေးအားနည်းရောဂါ(၃)ဗီတာမင်ဘီတွဲ(Vit B12)ချို့တဲ့သွေးအားနည်းရောဂါတို့ပဲဖြစ်တယ်။

       သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကဟေမိုဂလိုဘင်(Haemoglobin)ထုတ်လုပ်ဖို့အတွက်သံဓာတ်မလုံလောက်တာဖြစ်တယ်။ဟေမိုဂလိုဘင်ကသွေးနီဥထဲကပရိုတင်းပဲဖြစ်တယ်။အဆုတ်ကအောက်စီဂျင်ကိုခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေဆီကိုပို့ဆောင်ပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်ပ္ပါးမှုအများဆုံးသွေးအားနည်းရောဂါပဲဖြစ်ပါတယ်။

       ဖောလိတ်ရှိတဲ့(Folate)သွေးအားနည်းရောဂါကအစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေကနေသဘာဝအတိုင်းရနိုင်တဲ့ဗီတာမင်တစ်ခုဖြစ်တယ်။ခန္ဓာကိုယ်မှာဖောလိတ်ဓာတ်အရင်ထက်ပိုမိုလိုအပ်ပါတယ်။သည်အချိန်မှာဖောလိတ်ဓာတ်မလုံလောက်ခဲ့ရင်၊အောက်စီဂျင်သယ်ပို့ပေးတဲ့‌သွေးနီဥတွေကိုလုံလောက်စွာထုက်လုပ်မှာမဟုတ်ပါဘူး။ဒါပြင်မွေးဖွားလာမယ့်ကလေးငယ်မှာပေါင်မပြည့်၊လမစေ့မှေးရာပါခြို့ယှငျးမှုတှဖွေစျပ်ပါးနိုင်ပါတယ်။

     ဗီတာမင်ဘီတွဲ(VitB12)ရောဂါချို့တဲ့သွေးအားနည်းရောဂါကခန္ဓာကိုယ်ကနေသွေးနီဥတွေထုက်လုပ်ဖို့ဗီတာမင်ဘီတွဲ၊လိုအပ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာဗီတာမင်ဘီတွဲ(VitB12)မလုံလောက်ပါကလည်းကလေးငယ်မှာမွေးရာပါချို့ယွင်းချက်တွေဖြစ်ပွါးနိုင်ပါတယ်။ဗီတာမင်ဘီတွဲ(VitB12)ကိုအနီရောင်အသား၊ကြက်သား၊နို့နဲ့နို့ထွက်ပစ္စည်းများနဲ့ဥအမျိုးမျိုးကနေရရှိနိုင်ပါတယ်။

     သံဓာတ်ချိုတဲ့ခြင်းမှကာကွယ်ပေးတဲ့အစာများဖြစ်ပါတယ်။အမျိုးသမီးတွေကအမျိုးသား‌တွေထက်သံဓာတ်ချို့တဲ့သွေးအားနည်းတာအဖြစ်များပါတယ်။ကလေးငယ်တွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေအများစုကလည်းသံဓာတ်ချိုတဲ့နေကြတယ်လို့၊ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်စာ(CDC)ကပြောကြားထားပါတယ်။အသက်(၁၉-၅၀)နှစ်အတွင်းအမျိုးသမီးတွေကတစ်နေ့ကိုသံဓာတ်(၁၈)မီလီဂရမ်စားသုံးသင့်ပြီး၊ကိုယ်ဝန်ဆောင်မိခင်တွေကတော့တစ်နေ့(၂၇)မီလီဂရမ်စားသင့်ပါတယ်။

       အသည်းစားသင့်ပါတယ်။အတွင်းကလီစာဖြစ်တဲ့အသည်းကိုစားသုံးပါကသံဓာတ်များစွာရနိုင်တဲ့အပြင်ဗီတာမင်၊သတ္တုဓာတ်နဲ့ပရိုတင်းတွေကိုလည်းများစွာရရှိနိုင်ပါတယ်။အမဲအသည်း(၅)ဂရမ်လောက်စားသုံးရင်အမျိုးသမီးတစ်ယောက်၊တစ်နေ့တာလိုအပ်တဲ့သံဓာတ်နဲ့လေးပုံတစ်ပုံကျော်ရရှိပါတယ်။ဝက်အသည်းစားသုံးပါကသံဓာတ်အပြင်ဗီတာမင်စီကိုလည်းရရှိနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တွေတော့အသည်းကိုသိပ်မစားသင့်ပါဘူး။

   အသည်းထဲမှာဗီတာမင်အေနဲ့ကိုလက်စထရောတွေများစွာပါဝင်တာကြောင့်သန္ဓေသားကိုမွေးရာပါထိခိုက်မှုတွေဖြစ်စေနိုင်တာကြောင့်ဖြစ်တယ်။ကြက်ဥအနှစ်ကနေ၊သံဓာတ်(၃)မီလီဂရမ်နဲ့အနီရောင်အသားသုံးအောင်စကနေသံဓာတ်(၂_၃)မီလီဂရမ်ရရှိနိုင်ပါတယ်။

     ကမာကောင်စားသင့်ပါတယ်။ကမာကောင်မှာသံဓာတ်အပြင်ဇင့်(Zinc)ဓာတ်နဲ့ဗီတာမင်ဘီတွဲ(Vit B12)တွေလည်းရရှိနိုင်ပါတယ်။အရွယ်တော်ကမာကောင်ကနေသံဓာတ်(၃-၅)ဂရမ်ရနိုင်ပြီး၊တစ်နေ့တာ လိုအပ်ချက်ထက်ထောင်ကျော်လွန်နေပါတယ်။

       စားတော်ပဲစားနိုင်ပါတယ်။စားတော်ပဲတစ်ခွက်စာကနေ၊သံဓာတ်(၅)မီလီဂရမ်ရနိုင်တဲ့ပြင်ပရိုတင်း(Protein)ရရှိနိုင်ပါတယ်။စားတော်ပဲကိုသုပ်စားတာ၊ကြော်စားတာ၊ပြုတ်စားတာမျိုးစုံလုပ်စားနိုင်ပါတယ်။

     ဖြည့်စွက်ထားတဲ့ကွေကာစားသင့်ပါတယ်။မနက်စာကိုဖြည့်စွက်ထားတဲ့တွေတာတစ်ခွက်နေ့စဉ်သောက်သုံးနေသလား။ဝယ်ယူတဲ့အခါအညွှန်းကိုသေချာစွာဖက်ရူပြီးဝယ်ယူဖို့လိုအပ်ပါတယ်။အများစုကနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့(၉၀၁၀၀%)လောက်အထိပါဝင်တတ်ပါတယ်။ဒါ့ပြင်ဗီတာမင်သတ္တုဓာတ်၊ဇင့်၊အမျှင်ဓာတ်၊ကယ်လစီယမ်နဲ့ဗီတာမင်ဘီအုပ်စုတွေလည်းရယူနိုင်ပါတယ်။

     ဖရုံစေ့စားသုံးနိုင်ပါတယ်။ဖရုံစေ့တစ်ခွက်ဘကနေသံဓာတ်(၂)မီလီဂရမ်ရရှိနိုင်ပါတယ်။ဖရုံစေ့ကိုသရေစာအဖြစ်စားသုံးတာကကျန်းမာရေးနဲ့ညီညွှတ်တဲ့ပြင်၊သံဓာတ်ချို့တဲ့တာမဖြစ်အောင်လည်းကာကွယ်နိုင်ပါတယ်။ဖရုံစေ့ကနေသံဓာတ်အပြင်ပရိုတင်းနဲ့ခန္ဓာကိုယ်အတွက်ကောင်းတဲ့အဆီဓာတ်အချို့လိုလည်းရရှိနိုင်ပါတယ်။

     သှေးအားနညျး(Anaemia)ရောဂါလက်ခဏာတွေကမောပန်းနွမ်းနယ်ခြင်း၊အားနည်းခြင်း၊အသားအရည် ဖျော့တော့ခြင်း၊နှလုံးခုန်နူန်း၊အသက်ရှူရခက်ခြင်း၊မူးဝေခြင်း၊ရင်ဘတ်အောင့်ခြင်း၊ခြေလက်ဖောခြင်း၊ခေါင်းကိုက်ခြင်းတို့ဖြစ်တယ်။သွေးအားနည်းရောဂါဟာအစပိုင်းမှာသတိမထားမိနိုင်ပါဘူး။ရောဂါတဖွညျးဖွညျးဆိုးလာပါကရောဂါလက်ခဏာများပိုဆိုးလာပါတယ်။ကိုယ့်ဆီမှာလက္ခဏာတစ်ခုခုရှိပြီးဆိုရင်သွေးအားနည်းပြီး၊သံဓာတ်အားဆေး ပေးသင့်ပါတယ်။

     သွေးအားနည်းရောဂါအဓိကဖြစ်စေတဲ့အကြောင်းအရင်းမှာသွေးနီဥများမရှိခြင်းဖြစ်တယ်။ကိုယ်ခန္ဓာကိုယ်ဟာလုံလောက်တဲ့သွေးနီဥဆဲလ်မထုတ်နိုင်ရင်(သို့)သွေးထွက်ခြင်းကြောင့်သွေးနီဥဆဲလ်ဆုံးရူံးပါကရောဂါဖြစ်နိုင်ပါတယ်။တစ်ခါတစ်ရံကိုယ်ခန္ဓာကိုယ်ကသွေးနီဥဆဲလ်တွေကိုဖျက်ဆီးပြီး၊သွေးအားနည်းရောဂါဖြစ်စေပါတယ်။ဒါပြင်သွေးအားနည်းရောဂါဟာကင်ဆာဆဲလ်၊အိပ်အိုင်ဗီ(HIV/AIDS)နဲ့ရိုးတွင်းခြင်းဆီစတဲ့အခြားနာတာရှည်ရောဂါတစ်ခုခုဖြစ်နိုင်တယ်။

        သွေးအားနည်းရောဂါဖြစ်နိုင်တဲ့အခြေအနေတွေကကိုယ်စားတဲ့အစာအစာမှာသံဓာတ်၊ဖောလိတ်(Folate)နဲ့ဘီတွဲ(VitB12)ချို့တဲ့ပြင်၊အာဟာရများထုတ်ယူသုံးစွဲခြင်းကိုထိခိုက်စေတဲ့အူရောဂါများရှိရင်၊အမျိုးသမီးကိုယ်ဝန်ရှိပါကကင်ဆာ၊အိပ်အိုင်ဗီ(HIV /AIDS)နာတာရှည်ရောဂါတစ်ခုခုရှိနေရင်သွေးအားနည်းရောဂါရနိုင်ပါတယ်။

      ကိုယ်ဝန်ဆောင်ချိန်မှာသံဓာတ်ချိုတဲ့သွေးအားနည်းရောဂါဖြစ်တာက၊အောက်စီဂျင်ကိုသယ်ဆောင်ဖို့၊သွေးနီဥတွေမှာဟေမိုဂလိုဘင်(Haemoglobin)လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးနဲ့လိုအပ်ပြီး၊အဆိုပါပရိုတင်းထုတ်လုပ်ဖို့သံဓာတ်လိုအပ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာကိုယ့်ကလေးအတွက်ပါ၊သွေးထုတ်လုပ်ပေးနိုင်တဲ့အတွက်မှုလလိုအပ်တဲ့သံဓာတ်ထက်ပမာဏပိုမိုလိုအပ်ပါတယ်။သံဓာတ်အလုံလောက်မရှိပါက၊ကိုယ်မှာသံဓာတ်ချို့တဲ့သွေးအားနည်းရှိပါတယ်။

       ပြင်းထန်တဲ့သံဓာတ်သွေးအားနည်းရောဂါ(IrondeficiencyAnaemia)ကြောင့်နေမစေ့၊လမစေ့မီးဖွားခြင်း၊ပေါင်မပြည့်လမစေ့မီးဖွားခြင်း၊စိတ်ကျရောဂါများဖြစ်ခြင်း၊အချို့လေ့လာမှုအရသန္ဓေသားသေဆုံးနိုင်ခြေများခြင်းမမွေးခင်(သို့)မွေးပြီးပြီးချင်သန္ဓေသားသေဆုံးခြင်းဖြစ်နိုင်ပါတယ်။

      ကိုယ်ဝန်ဆောင်သွေးအားနည်းရောဂါဖြစ်ရတာကကိုယ်ဝန်ဆောင်ခြင်းတစ်ကြိမ်နဲ့တစ်ကြိမ်အချိန်နီးကပ်ခြင်း၊သားနီးလွန်းခြင်း၊ကိုယ်ဝန်ဆောင်မှုများခြင်း၊အမြွှာကိုယ်ဝန်ဆောင်ထားခြင်း၊ပြင်းထန်တဲ့ပျို့အန်မှုရှိခြင်း၊ကိုယ်ဝန်မဆောင်ခင်မှာဓမ္မတာသွေးဆင်းများတတ်တယ်ဆိုရင်၊သွေးအားနည်းရောဂါရှိဖူးတယ်ဆိုရင်ကိုယ်ဝန်ဆောင်တဲ့သွားအားနည်းရောဂါရတတ်ပါတယ်။ဗိုက်အပ်သွားရင်ဒေသန္တရဆရာမတွေကဗိုက်စမ်းသပ်ခြင်းအပြင်သံဓာတ်အားဆေးဖဲရပ်ဆာလဖိတ်(Ferrous sulfate)နဲ့ဖောလိတ်(Folic acid)အားဆေးတို့ ပေးတတ်ကြပြီး(၂)ပတ်ကတစ်ခါချိန်းဆို တတ်ကာ၊သံဓာတ်အားဆေးပုံမှန်သုံးသင့်ပါတယ်။။ 

Most Read

Most Recent