ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မည့်သူများ သင်တန်းပြီးပါက မိမိရပ်ရွာဒေသရှိ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များတွင်သာ အဓိက တာဝန်ထမ်းဆောင်စေရန် ရည်ရွယ်ထားကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မည့်သူများ သင်တန်းပြီးပါက မိမိရပ်ရွာဒေသရှိ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များတွင်သာ အဓိက တာဝန်ထမ်းဆောင်စေရန် ရည်ရွယ်ထားကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 15 February 2024

ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်မည့်သူများ သင်တန်းပြီးပါက မိမိရပ်ရွာဒေသရှိ လုံခြုံရေး ဆိုင်ရာတပ်ဖွဲ့များတွင်သာ အဓိကတာဝန် ထမ်းဆောင်စေရန် ရည်ရွယ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ ဥပဒေများနှင့်ပတ်သက်၍ ကောလာဟလ သတင်းများ ထွက်ပေါ်နေမှုအပေါ် ပြန်လည်ရှင်းလင်းရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော၊ အရန်တပ်ဖွဲ့ဥပဒေမှာရော ကျွန်တော် ပထမဦးဆုံး ခိုင်ခိုင်မာမာပြောချင်တာက အကျုံးဝင်တဲ့သူတိုင်းကိုလည်း ကျွန်တော်တို့ ခေါ်မှာ မဟုတ်ပါဘူး။ ခေါ်စရာလည်း အကြောင်းမရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ပြည်တွင်း၊ ပြည်ပအန္တရာယ်များထက် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို တိုင်းရင်းသားပြည်သူအားလုံး၊ လူငယ်၊ လူရွယ်အားလုံး သိရန်၊ တတ်ရန်နှင့် တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်း အကျုံးဝင်သည့်သူ အနည်းဆုံး ၁၃ သန်းရှိကြောင်း၊ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းရှိကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါစစ်မှုထမ်းရန် အကျုံးဝင်သည့် ၁၃ သန်းအနက် အမျိုးသားဦးရေ ၆ ဒသမ ၃ သန်းဖြင့်ပင်တွက်ကြည့်ပါက တစ်နှစ်လျှင် စစ်မှုထမ်းရန် ခေါ်နိုင်သည့်လူဦးရေသည် ငါးသောင်းထက် ပိုရန်မရှိကြောင်း၊ အဘယ် ကြောင့်ဆိုသော် ပြည်သူ့စစ်မှုထမ်း ဥပဒေ အရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်း ဆောင်မည့်သူများအားလုံးကို အဆင့်အလိုက်၊ အရည်အချင်းအလိုက် လစာ၊ ရိက္ခာ၊ ခံစားခွင့် အားလုံးပေးရမည်ဖြစ်ကြောင်း၊ လေ့ကျင့်မှုကို လည်း တပ်မတော်သားများ တတ်သင့်တတ် ထိုက်သည့် နိုင်ငံတော်ကာကွယ်ရေး ပညာရပ် အားလုံးကို အချိန်ပေးပြီး သင်ကြားပေးရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီလို သင် ကြားပေးပြီးမှ ကျွန်တော်တို့အနေနဲ့ တာဝန် ထမ်းဆောင်စေရမှာဖြစ်တယ်။ တာဝန်ထမ်း ဆောင်စေတဲ့နေရာမှာလည်း အဆင့်အလိုက် နဲ့ အရည်အချင်းအလိုက်၊ အတွေ့အကြုံအ လိုက်နဲ့ ရာထူးတာဝန်ပေးပြီး တာဝန်ထမ်း ဆောင်စေရမှာဖြစ်တယ်။ ဒီလိုမျိုးဆောင်ရွက် တဲ့နေရာမှာလည်း ပထမဦးဆုံး အပတ်စဉ် တွေမှာ အမျိုးသမီးတွေကိုခေါ်ယူပြီး တာဝန် ထမ်းဆောင်စေဖို့နည်းမှာဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့အနေနဲ့ သင်တန်းပြီးစီးရင် အဓိ ကတော့ မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံ ရေးဆိုင်ရာတပ်ဖွဲ့တွေမှာသာ တာဝန်ထမ်း ဆောင်စေဖို့အတွက် ရည်ရွယ်ပါတယ်။ အဓိ ကက စစ်တိုက်ဖို့ဆိုတာထက် လုံခြုံရေး၊ ကာ ကွယ်ရေးကို ဘယ်လိုအမြင်တွေနဲ့ တာဝန် ထမ်းဆောင်ရမယ်။ လုံခြုံရေး၊ ကာကွယ်ရေး အသိပညာတွေကို ပြည်သူထဲမှာ ပျံ့နှံ့သွား အောင်၊ နောင်ရေရှည်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေသည် ကာကွယ်ရေး၊ လုံခြုံရေး နဲ့ပတ်သက်တဲ့ အသိပညာ ကြွယ်ဝသော၊ မိမိ နိုင်ငံကို မိမိအင်အားတောင့်တင်းစွာနဲ့ ခိုင်မာ စွာနဲ့ ကာကွယ်နိုင်သော၊ မိမိရဲ့လုံခြုံရေး၊ မိမိ ရဲ့ကာကွယ်ရေးကို အားလုံးကဝိုင်းဝန်းဆောင် ရွက်နိုင်သော အခြေအနေမျိုးရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း ရန်ဆောင်ရွက်သည့်ကိစ္စသည် လက်ရှိအစိုး ရလက်ထက်တစ်ခုတည်းတွင် ဆောင်ရွက် ခြင်းမဟုတ်ဘဲ နောင်လာမည့် ဒီမိုကရေစီအ စိုးရလက်ထက်များတွင် ဆက်လက်ဆောင် မည့် ရေရှည်စီမံချက် Long Term Plan ဖြစ် ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအ ဖွဲ့များကို တိုင်းဒေသကြီး ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက် /ကျေးရွာအဆင့် များတွင်ဖွဲ့စည်းပြီး စနစ်တကျ ခေါ်ယူမည် ဖြစ်ကြောင်း ၎င်းင်းကဆိုသည်။

“ဒီလိုခေါ်ယူတဲ့နေရာမှာလည်း ပညာ သင်ကြားနေတဲ့ ကျောင်းသူကျောင်းသားများ အနေနဲ့ အသက်အရွယ်အကျုံးဝင်သည့်တိုင် အောင် နိုင်ငံခြားထွက်နေတဲ့ ပညာသင်ကြား နေတဲ့သူများကလည်း ပညာဆုံးခန်းတိုင် အောင် ပညာဆက်လက်သင်ကြားခွင့်ရမှာ ဖြစ်ပါတယ်။ သို့သော် ရေရှည် Long Term Plan မှာတော့ အကျုံးဝင်တဲ့သူတွေအားလုံး သည် နိုင်ငံတော်ကာကွယ်ရေးပညာကို တတ် မြောက်ပြီးဖြစ်ရမယ်ဆိုတာကို ရည်မှန်းချက် ထားပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီတစ် နှစ်၊ နှစ်နှစ်၊ သုံးလေးနှစ်ရည်မှန်းထားတာ မဟုတ်ပါဘူး။ နောင်နှစ်ပေါင်းများစွာအထိ ရည်မှန်းပြီး ဆောင်ရွက်နေခြင်းဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံတော်၏ အနာဂတ်မြန်မာဆိုသည့် တည်တံ့ခိုင်မြဲရန်အတွက်၊ အနာဂတ် မြန်မာ ဆိုတာ ကမ္ဘာတည်သရွေ့ရှိရန်အတွက် အာ မခံချက်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင် အမျိုးမျိုး သော သွေးထိုးလှုံ့ဆော်မှုများ၊ အမျိုးမျိုးသော သွေးခွဲမှုများ၊ အမျိုးမျိုးသော လူငယ်များကို တောထဲရောက်အောင် ဆွဲသွင်းနေမှုများ၊ လူငယ်များကို လူဆိုးများ၊ အကြမ်းဖက်သမား များဖြစ်အောင် ဆွဲဆောင်နေမှုများရှိမည် ဖြစ်ကြောင်း၊ ထိုသို့ကိစ္စရပ်များကို တာဝန် သိသည့် ပြည်သူတစ်ရပ်လုံး၊ မိဘပြည်သူ အားလုံး၊ တာဝန်ရှိသည်ဟု ခံယူထားသော ပြည်သူတစ်ရပ်လုံး၊ မိဘပြည်သူများအားလုံး၊ လူငယ်၊ လူရွယ်များအားလုံးက သတိရှိပြီး သတိနှင့်အသိနှင့်ယှဉ်၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ကြီး၊ မြန်မာ ဆိုသည့် အခေါ်အဝေါ်ကမ္ဘာတည်သရွေ့ တည်ရှိနိုင်ရန် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအသိပညာ၊ အတတ်ပညာများကို အားလုံးတတ်မြောက်ပြည့်ဝအောင် ဆောင် ရွက်ရန် ၎င်းကပြောကြားသည်။

Most Read

Most Recent