လာမည့်ရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက်သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ခြင်းနှင့် မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူရမည့် သမိုင်းတင်ရွေးကောက်ပွဲဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ပြောကြား 

လာမည့်ရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက်သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ခြင်းနှင့် မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူရမည့် သမိုင်းတင်ရွေးကောက်ပွဲဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ပြောကြား 
Published 6 February 2024

လာမည့်ရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက်သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ခြင်းနှင့် မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူရမည့် သမိုင်းတင်ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။ 

ဖေဖော်ဝါရီ ၅ ရက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် UEC ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် UEC ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပ ဉ္စမမြောက် ရှေ့လုပ်ငန်းစဉ်တွင်ပါဝင်သည့် “လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ”ကို ကျင်းပပေးရမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် သာမန်အထွေထွေရွေးကောက်ပွဲနှင့်မတူဘဲ ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက်သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်သည့် ရွေးကောက်ပွဲ၊ မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူရမည့် ရွေးကောက်ပွဲဖြစ်ခြင်းကြောင့် သမိုင်းတင်ရမည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြောကြားသည်။ 

ရွေးကောက်ပွဲဆိုသည်မှာ ကော်မရှင်၊ ပါတီနှင့် မဲဆန္ဒရှင်တို့ အပြန်အလှန် ဆက်သွယ်ယှက်နွှယ်နေသည့် အလုပ်ဖြစ်ပါကြောင်း၊ ကော်မရှင်က လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး၊ ပါတီများကို ဥပဒေနှင့်အညီ ကူညီရေး၊ ထိန်းကျောင်းရေး၊ မဲဆန္ဒရှင်များကို မီဒီယာမှတစ်ဆင့် ပညာပေး လှုံ့ဆော်ရေးအလုပ်များကိုလုပ်ရကြောင်း၊ ပါတီများက မဲဆန္ဒရှင်များကို ဟောပြောစည်းရုံးရေး၊ အရည်အချင်းပြည့်ဝသည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်လျာထားရေးတို့အား ဆောင်ရွက်ကြရကြောင်း၊ မဲဆန္ဒရှင်များကလည်း မိမိတို့၏ ဥပဒေပါ အခွင့်အရေးမဆုံးရှုံးရအောင် မပျက်မကွက်မဲပေးရေး၊ နိုင်ငံ့အကျိုး၊ ရပ်ရွာအကျိုးသယ်ပိုးမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ဆန္ဒပြုရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဓိကမောင်းနှင်အားမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအပြင် အချိန်တန်သည့်အခါ အများယုံကြည်လေးစားသည့် ပုဂ္ဂိုလ်များကို စိစစ်ဖွဲ့စည်းရန်၊ လေ့ကျင့်ပညာပေးရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ရွေးကောက်ပွဲ၏ အသက်သည် မဲစာရင်းဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ ပေးပို့လာသည့် ပုံစံ(၆၆/၆)ပါ စာရင်းများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရရှိသည့် မြေပြင်စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးပြီး ကွန်ပျူတာထည့်သွင်းသည့်လုပ်ငန်းကို အမှားအယွင်းမရှိအောင် လုပ်ဆောင်ကြရန်လိုကြောင်း၊ ဥပဒေ၊ နည်းဥပဒေများသည်လည်း မဲစာရင်းကဲ့သို့ အရေးကြီးကြောင်း၊ အတည်မပြုရသေးသည့် ဥပဒေများကို အမြန်ဆုံးအတည်ပြုနိုင်ရေး ဆောင်ရွက်ပြီး နည်းဥပဒေများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်ပြီးပါက ကော်မရှင်အဖွဲ့ခွဲများကို ဖြန့်ဝေခြင်း၊ ပါတီများအားပေးပို့ခြင်း၊ မဲဆန္ဒရှင်ပြည်သူများကို လေ့လာနိုင်အောင် ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent