ဇာဗီ (သို့မဟုတ်) ပန်းတိုင်မရောက်ခင် လက်မြှောက်သွားခဲ့သူ

ဇာဗီ (သို့မဟုတ်) ပန်းတိုင်မရောက်ခင် လက်မြှောက်သွားခဲ့သူ
Photos: X
Photos: X
Published 31 January 2024
Phoe Thar

ဇာဗီအတွက်ကံဆိုးမှုလို့ဆိုရမှာက အားကိုးတကြီးခေါ်ယူထားတဲ့ ဂွန်ဒိုဂန်၊ ကန်ဆယ်လို၊ ဂျော်အိုဖေးလစ်တို့လို ထိပ်တန်းအဆင့်အသင့်သုံး ကစားသမားတွေဆီက လုံလောက်တဲ့စွမ်းဆောင်ရည်ကို မညှစ်ထုတ်နိုင်ခဲ့တာနဲ့ အဓိက ကစားသမားတွေကို မကြာခဏဆုံးရှုံးနေရတဲ့ ဒဏ်ရာပြဿနာတွေပါပဲ။ ဒါ့ပြင် ပြီးခဲ့တဲ့ နိုဝင်ဘာနှောင်းပိုင်းကစလို့ ဇာဗီနဲ့ ဘာစီလိုနာ ကစားသမားအချို့အကြား ဆက်ဆံရေးအဆင်မပြေဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့သလို၊ လူငယ်တွေကိုဦးစားပေးလွန်းတဲ့ ဇာဗီရဲ့ ဆုံးဖြတ်ချက်တွေက ၀ါရင့်ကစားသမားတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရတယ်လို့လည်း စပိန်မီဒီယာတွေကဖော်ပြခဲ့တယ်။ ဒါပေမဲ့ ဘာစီလိုနာလို ကမ္ဘာလုံးဆိုင်ရာထိပ်တန်းကလပ်အသင်းကြီးတစ်သင်းမှာတော့ ဒီအရာတွေက ဇာဗီအတွက် လုံလောက်တဲ့ အကြောင်းပြချက်မဖြစ်ခဲ့ပါဘူး။

 

Most Read

Most Recent