မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေးအနက်ထားပြီး ကြားဝင်ဖြေရှင်းပေးနိုင်ရန် တိုက်တွန်းကြောင်း RCSS ထုတ်ပြန်

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေးအနက်ထားပြီး ကြားဝင်ဖြေရှင်းပေးနိုင်ရန် တိုက်တွန်းကြောင်း RCSS ထုတ်ပြန်
Published 29 January 2024

ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေးအနက်ထားပြီး ကြားဝင်ဖြေရှင်းပေးနိုင်ရန် တိုက်တွန်းကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အဝေးကို ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

RCSS အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်းရေးအတွက် သက်ဆိုင်ရာအဖွကြအစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်နိုင်မှသာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေးအနက်ထားပြီး ကြားဝင်ဖြေရှင်းပေးနိုင်ရန် တိုက်တွန်းကြောင်း၊   သျှမ်းပြည်အမျိုးသားစည်းလုံးညီညွတ်ရေး ရေရှည်တည်တံ့ခိုင်မြဲရန်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ RCSS ထိန်းချုပ်သည့် နယ်မြေအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ အွန်လိုင်းငွေကြေးလိမ်လည်ခြင်း (ကျားဖြန့်) ပိတ်ပင်တားဆီးရေးလုပ်ငန်းနှင့် လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းတို့ကို ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

RCSS ၏ နှစ်ပတ်လည်အစည်းအဝေးသို့ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုဦးကော်မတီများ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း ၂၅၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ဌာနအသီးသီးက တင်ပြသည့် တစ်နှစ်တာ လုပ်ငန်းအစီရင်ခံစာများ အပေါ်ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအခြေအနေများနှင့် အခြားလုပ်ငန်းအခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent