FA ဖလားစတုတ္ထအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

FA ဖလားစတုတ္ထအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: MUFC
Photo: MUFC
Published 28 January 2024

ဝက်စ်ဘရွန်း - ဝုလ်ဗ် ( တနင်္ဂနွေညနေ ၆း၁၅ နာရီ)

ဝက်စ်ဘရွန်းက လိဂ်ချန်ပီယံရှစ်မှာ အဆင့် (၅)နေရာမှာ ရောက်နေပြီး ဝုလ်ဗ်အသင်းကတော့ ပရီးမီးယားလိဂ်ရဲ့အဆင့် (၁၁)နေရာမှာ ရှိတယ်။ ဝက်စ်ဘရွန်းရဲ့ အိမ်ကွင်းနောက်ဆုံး(၄) ပွဲမှာ လိဒ်စ်၊ နောဝစ်ချ်၊ ဘလက်ဘန်းတို့  အပါအဝင် (၄)ပွဲစလုံး အနိုင်ကစားထားတာလည်း တွေ့ရတယ်။ ဝုလ်ဗ်က ဒီအဆင့်မှာ ဘရန့်ဖို့ဒ်ကို အနိုင်ယူကျော်ဖြတ်လာခဲ့တာဖြစ်ပြီး လက်ရှိ အ ချိန်မှာ ရှုံးပွဲတွေဝေးနေတာ ကြာပြီလို့လည်း ပြောရမယ်။ အ သင်းလိုက်ခြေစွမ်းရော ကစားသမားအင်အားလည်း ဝုလ်ဗ်က သာပါတယ်။ ဝုလ်ဗ်ကိုပဲ ကြိုက်တယ်။ 

ဝက်ဖို့ဒ် - ဆောက်သမ်တန် ( တနင်္ဂနွေည ၈း၃၀ နာရီ)

ဒီပွဲကလည်း လိဂ်ချန်ပီယံရှစ်အသင်းနှစ်သင်းရဲ့ ပွဲဖြစ် တယ်။ လက်ရှိအချိန်မှာ ဆောက်သမ်တန်က ရလဒ်ပိုင်း အရမ်း ကောင်းနေတယ်။ အစ်ဝစ်ချ်အသင်းကို ကျော်တက်ပြီး အဆင့် (၂)နေရာကို တက်နိုင်ဖို့ ကြိုးစားနေတဲ့အသင်းလည်းဖြစ်တယ်။  လက်ရှိ ရလဒ်ပိုင်း အရမ်းကောင်းနေသလို၊ အဝေးကွင်းမှာလည်း ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိတာ ဆယ်ပွဲရှိပြီ။ ဒီရာသီ ဝက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲတုန်းကလည်း အဝေးကွင်း နိုင်ပွဲရလုနီးပါးဖြစ်ခဲ့ ပြီး  (၉၆)မိနစ်သွင်းဂိုးနဲ့ ဝက်ဖို့ဒ်အသင်း သရေရခဲ့တာဖြစ်တယ်။ ဒီပွဲလည်း ဆောက်သမ်တန်ကို ကြိုက်တယ်။ 

လီဗာပူးလ် - နောဝစ်ချ် ( တနင်္ဂနွေည ၉း၀၀ နာရီ)

လီဗာပူးလ်ရဲ့ အကေင်းဆုံးအချိန်လို့ ပြောရမယ်။ ကစား သမားအင်အား မစုံလင်သေးဘူး။ ထိပ်တန်းကစားသမားတချို့ ကို ဆုံးရှုံးထားရတယ်။ ဒါပေမဲ့ အလုပ်ဖြစ်နေဆဲပဲ။ လီဗာပူးလ် ရဲ့တိုက်စစ်ပိုင်းမှာ အားလုံးက ဒါဝင်နူးနက်ဇ်ကို ချီးကျူးနေကြ ပေမဲ့ တကယ်တမ်းတော့ ဂျိုတာ ဦးဆောင်နေပြီး ပွဲအခြေအ နေပေါ် မူတည်ကစားပေးနေတာလည်း တွေ့ရတယ်။ နောဝစ်ချ် က လိဂ်ချန်ပီယံရှစ်မှာ အားကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ လီဗာ ပူးလ်ကိုတော့ တားဆီးနိုင်ဖို့ မရှိဘူး။ 

နယူးပို့တ် - မန်ယူ (တနင်္ဂနွေည ၁၁း၀၀ နာရီ)

မန်ချက်စတာယူနိုက်တက်အသင်းအတွက် တော်တော် လေး ပွဲချောင်နေတဲ့အခြေအနေမှာ အမှားအယွင်း မလုပ်မိဖို့ လိုတယ်။ ပြောရရင် အက်စတွန်ဗီလာကို နိုင်တဲ့ပွဲက စွမ်းဆောင် ရည်မျိုးကို ယူနိုက်တက် မပြနိုင်တော့ပြန်ဘူး။ ဝီဂန်ကို နိုင်တဲ့ပွဲက အားရစရာ မရှိသလို၊ စပါးနဲ့ သရေပွဲကလည်း သိပ်မထူးခြားပါ ဘူး။ နယူးပို့တ်လိုအသင်းမျိုးကိုတော့ အဝေးကွင်းမှာပဲ ဖြစ်နေ ပါစေဦး လွယ်လွယ်ကူကူ အနိုင်ရသင့်တယ်။ ယူနိုက်တက် နှစ်ဂိုးလောက် ပြတ်လိမ့်မယ်

 

Most Read

Most Recent