ရန်ကုန်ယူနိုက်တက်အသင်း လက်ရှိဖွင့်လှစ်ထားသည့် ရာသီကြိုအပြောင်းအရွှေ့ကာလတွင် သုံးဦးမြောက် ပြည်တွင်းကစားသမားခေါ်ယူမှုအဖြစ် ဧရာဝတီယူနိုက်တက်အသင်းမှ တောင်ပံတိုက်စစ်ကစားသမား ညီညီအောင်ကို ခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်း လက်ရှိဖွင့်လှစ်ထားသည့် ရာသီကြိုအပြောင်းအရွှေ့ကာလတွင် သုံးဦးမြောက် ပြည်တွင်းကစားသမားခေါ်ယူမှုအဖြစ် ဧရာဝတီယူနိုက်တက်အသင်းမှ တောင်ပံတိုက်စစ်ကစားသမား ညီညီအောင်ကို ခေါ်ယူ
Photo: Yangon United Football Club
Photo: Yangon United Football Club
Published 22 January 2024

ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိဖွင့်လှစ်ထားသည့် ရာသီကြိုအပြောင်းအရွှေ့ကာလတွင် သုံးဦးမြောက်ပြည်တွင်းကစားသမားခေါ်ယူမှုအဖြစ် ဧရာဝတီယူနိုက်တက်အသင်းမှ တောင်ပံတိုက်စစ်ကစားသမား ညီညီအောင်ကို ခေါ်ယူလိုက်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အသက် ၂၈ နှစ်ရှိ ညာတောင်ပံတိုက်စစ်ကစားသမားဖြစ်သူ ညီညီအောင်ကို နှစ်နှစ် စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ခြင်းဖြစ်သည်။

ညီညီအောင်သည် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်း၊ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် ယူ-၂၁ အသင်းတို့တွင် ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်လက်ရွေးစင်အသင်း၌ ရွေးချယ်ခံခဲ့ရသည်။

ထို့နောက် ညီညီအောင်သည် တက္ကသိုလ်လက်ရွေးစင်အသင်းနှင့်အတူ MNL-2 (ပထမတန်း) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ညီညီအောင်သည် တက္ကသိုလ်လက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၈ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရရှိခဲ့သည်။

ထို့နောက် ညီညီအောင်သည် ၂၀၂၀ ခုနှစ်တွင် တက္ကသိုလ်လက်ရွေးစင်အသင်းမှ ဧရာဝတီယူနိုက်တက်အသင်းထံသို့ ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ရာသီကုန်အထိ လေးရာသီကြာကစားခဲ့ကြောင်း သိရသည်။

ညီညီအောင်သည် ဧရာဝတီယူနိုက်တက်အသင်းအတွက် သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို  ပဏာမမြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရဖူးသူဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ညီညီအောင်မတိုင်မီ ဒဂုံစတားယူနိုက်တက်မှ မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ဝေလင်းအောင်နှင့် ဟံသာဝတီယူနိုက်တက်မှ ဂိုးသမားဖြစ်သူ ပြည့်ဖြိုးအောင်တို့ကို ခေါ်ယူထားကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဒဂုံစတားယူနိုက်တက်မှ မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ဝေလင်းအောင်ကို တစ်ရာသီစာချုပ်ဖြင့်လည်းကောင်း၊  ဟံသာဝတီယူနိုက်တက်မှ  ဂိုးသမားဖြစ်သူ ပြည့်ဖြိုးအောင်ကို နှစ်နှစ်စာချုပ်ဖြင့်လည်းကောင်း ခေါ်ယူထားခြင်းဖြစ်သည်။  

 

Most Read

Most Recent