ဒိုက်ဦးမြို့ ဖအောင်ဝဲရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ

ဒိုက်ဦးမြို့ ဖအောင်ဝဲရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
Published 22 January 2024

ဒိုက်ဦးမြို့ ဖအောင်ဝဲရပ်ကွက်တွင် လက် ဖက်ရည်ဆိုင်ထိုင်နေသည့် ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ရာအိမ်မှူးတို့ သေနတ်ဖြင့်ပစ်ခတ် ခံရပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီ ၄၅ မိ နစ်တွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ ဖအောင် ဝဲရပ်ကွက်ရှိ ‘ဟိန်းကျော်’ လက်ဖက်ရည်ဆိုင်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအ ရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ် ဆေးခဲ့ရာ အဆိုပါလက်ဖက်ရည်ဆိုင်အတွင်း ၌ ဖအောင်ဝဲရပ်ကွက်နေ ရာအိမ်မှူး ဦးခင် မောင်အေး (၆၀ နှစ်) တွင် ဝဲရင်အုံကျည်ဖောက် ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး ဖ အောင်ဝဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း (၆၈ နှစ်) တွင် ဦးခေါင်းနောက်စေ့ကျည်ရှပ် ထိဒဏ်ရာတစ်ချက်ရရှိထားသည်ကို တွေ့ရှိ ရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းင်းတို့နှစ်ဦး သည် လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေစဉ် လူနှစ်ဦး (စိစစ်ဆဲ) က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးခဲ့သဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိ ရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား လုပ်ကြံ၊ သတ်ဖြတ်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေး ယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent