နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကို်ယ်စားလှယ် သီးခြားစီတွေ့ဆုံ၍ အာဆီယံ တူညီဆန္ဒငါးရပ်အပေါ် ဆောင်ရွက်မှုများနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအခြေအနေများ ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ တို့ ဇန်နဝါရီ  ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ PARK ROYAL ဟိုတယ် နီလာခန်းမ၌ တွေ့ဆုံခဲ့စဉ်။

Published 11 January 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ ဇန်နဝါရီ  ၁၀ ရက် နံနက် ၁၁ နာရီခွဲ တွင်နေပြည်တော်ရှိ PARK ROYAL ဟိုတယ် နီလာခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရ သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရှေ့ လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ အာဆီယံ တူညီ ဆန္ဒ ငါးချက်အကောင်အထည်ဖော် ဆောင် ရာတွင် တိုးတက်မှုများရရှိရန် အာဆီယံအ လှည့်ကျဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်တို့နှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လူ သားချင်းစာနာထောက်ထားမှု အကူအညီပေး ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေး နွေးခဲ့ကြောင်းသိရသည်။

ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော် ဆောင်ရွက်မှုနှင့် လက်ရှိပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် H. E. Mr. Alounkeo Kittik-houn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည် တော ်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု အခြေအနေများ၊ အာဆီယံတူညီဆန္ဒငါးရပ် အပေါ် ဆောင်ရွက်ချက်များ၊ လူသားချင်းစာ နာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖ လှယ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ သံအမတ်ကြီး(ငြိမ်း) ဦးစံလွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။