ဂျပန်လား၊ ကိုရီးယားလား ... ဆွန်ဟောင်မင်ရဲ့ အိပ်မက်ထဲက အာရှဖလား

ဂျပန်လား၊ ကိုရီးယားလား ... ဆွန်ဟောင်မင်ရဲ့ အိပ်မက်ထဲက အာရှဖလား
Photo : Getty Images
Photo : Getty Images
Published 11 January 2024
Wai Yan Aung

အာရှဖလားဆိုတာက ကမ္ဘာ့ဘောလုံးပရိသတ်ကို သိပ်ပြီးဆွဲဆောင်နိုင်တဲ့ပြိုင်ပွဲတော့ မဟုတ်ပါဘူး။ ဒါက အာရှတိုက်ရဲ့ ဘောလုံးအဆင့်အတန်းကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အာရှဖလားပြိုင်ပွဲက ယူရိုပြိုင်ပွဲထက်တောင် ရှေးကျပါသေးတယ်။ ဒေသအလိုက်ကျင်းပတဲ့ လက်ရွေးစင်အသင်းပြိုင်ပွဲတွေထဲမှာ အာရှဖလားထက်စောတာ တောင်အမေရိကအသင်းတွေ ယှဉ်ပြိုင်တဲ့ ကိုပါအမေရိကပြိုင်ပွဲပဲ ရှိပါတယ်။ ဥရောပအသင်းတွေရဲ့ ယူရိုပြိုင်ပွဲက အာရှဖလားနောက်မှ ပေါ်လာတာပါ။ အာရှဖလားပြိုင်ပွဲကို ၁၉၅၆ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး ယူရိုပြိုင်ပွဲကိုတော့ ၁၉၆၀ မှာမှ စတင်ကျင်းပခဲ့တာကြောင့်ပါ။

 

Most Read

Most Recent