ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ အောင်မြင်နိုင်မည်ဟု နစကဥက္ကဋ္ဌ ပြောကြား  

ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ အောင်မြင်နိုင်မည်ဟု နစကဥက္ကဋ္ဌ ပြောကြား  
(၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား
(၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား
Published 10 January 2024

ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအ ဖြေရှာခြင်းကသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

(၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကာလဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို စတင်တာ ဝန်ယူသည့် အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ်ငါး ရပ်နှင့် ဦးတည်ချက်ကိုးရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။ 

နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးအတွက် ငြိမ်းချမ်းသာယာဝပြော သည့် အနာဂတ်ကို ရည်မှန်းလျက် ကောင်း မွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိ ကြောင်း၊ “တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး”ကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဦးတည်ထားရှိပြီး “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင် စုတည်ဆောက်ရေး”ကို နိုင်ငံရေးရည်မှန်း ချက်အနေဖြင့် ချမှတ်ထားရှိထားကြောင်း နှင့် ချမှတ်ထားသည့် ရည်မှန်းချက်များ၊ ရှေ့ လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ပြည့်ဝစေ ရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်စေရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့်လက်တွဲပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။ 

ထို့ပြင် နိုင်ငံတော်အစိုးရသည် တပ်မတော်အပါအဝင် တိုင်းရင်းသားပြည်သူများ နှင့်အတူ ပူးပေါင်းပြီး စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ကို အရင်းတည်ကာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ် မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို အမျိုးသားနိုင်ငံရေးတာဝန်များအဖြစ် ထာဝစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူ အားလုံး မျှော်မှန်းတောင့်တသည့် အေးချမ်း သာယာသော နိုင်ငံတော်ကြီးကို တည်ဆောက် နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ပြည်ထောင်စု ကြီးတစ်ခုလုံး ငြိမ်းချမ်းရေးရရှိစေရန် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော် ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်း ခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေး နွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင် မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူ အားလုံး စည်းလုံးညီညွတ်သော စုပေါင်း အားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားသည်။ 

လွတ်လပ်ရေးရပြီးချိန်ကတည်းကစပြီး ယခုအချိန်ထိ ကချင်ပြည်နယ်အပါအဝင် အထူးသဖြင့်နယ်စပ်ဒေသ၊ တိုင်းရင်းသား များ နေထိုင်ရာဒေသများတွင် တည်ငြိမ်အေး ချမ်းမှုမရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည် သူများမှာ လွတ်လပ်ရေး၏အရသာကို အ ပြည့်အဝမခံစားရသေးဘဲ လူမှုဒုက္ခများကို ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့ သော အဖြစ်ဆိုးကို မိမိတို့၏လက်ထက်တွင် ချုပ်ငြိမ်းစေပြီး ထာဝရငြိမ်းချမ်းရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကို တည်ဆောက် ၍ အနာဂတ်အတွက် ကောင်းမွန်သည့်အ မွေကို လွှဲပြောင်းပေးနိုင်ရေး ကြိုးစားဆောင် ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ သည်။ 

Most Read

Most Recent