ယုံကြည်မှုတွေအတွက် အားပြိုင်မယ့် စပိန်စူပါဖလား

ယုံကြည်မှုတွေအတွက် အားပြိုင်မယ့် စပိန်စူပါဖလား
Photos: Getty Images
Photos: Getty Images
Published 10 January 2024
Phoe Thar

စပိန်ဘုရင့်ဖလားနဲ့ စပိန်လာလီဂါပြိုင်ပွဲတို့အပြီး စပိန်ထိပ်တန်းလိဂ်ဘောလုံးလောကရဲ့ တတိယအဆင့်မြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ၂၀၂၃-၂၄ ရာသီ စပိန်စူပါဖလားပြိုင်ပွဲကို ဇန်နဝါရီ (၁၀) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ ဆော်ဒီအာရေဗျ နိုင်ငံ Riyadh မြို့က King Saud University Stadium မှာ ကျင်းပသွားမှာပါ။ အကြိမ် (၄၀)မြောက်အဖြစ် ကျင်းပတဲ့ ၂၀၂၄ စပိန်စူပါဖလားပြိုင် ပွဲကို ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းနဲ့ အဆင့် (၃)နေရာရ အက်သလက်တီကို၊ စပိန်ဘုရင့်ဖလား ချန်ပီယံ ရီးယဲလ်မက်ဒရစ်နဲ့ ဒုတိယဆုရ အိုဆာဆူနာအသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး စပိန်ထိပ်သီး (၃)သင်းရဲ့ ချန်ပီယံအားပြိုင်မှုကို မြင်တွေ့ခံစားရမှာပါ။ ပြိုင်ပွဲစည်းမျဉ်းအရ လာလီဂါချန်ပီယံနဲ့ အဆင့် (၂)သင်း၊ စပိန်ဘုရင့်ဖလားချန်ပီယံနဲ့ ဒုတိယအသင်းတို့ ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ရီးယဲလ်အသင်းက လာလီဂါမှာ ဒုတိယရပြီး စပိန်ဘုရင့်ဖလားမှာ ဗိုလ်စွဲခဲ့လို့ လာလီဂါအဆင့် (၃)အရ အက်သလက်တီကို အသင်းယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။

 

Most Read

Most Recent