နစကဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ  နိုင်ငံခြားရေးဒုတိယဝန်ကြီး တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေး

နစကဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ  နိုင်ငံခြားရေးဒုတိယဝန်ကြီး တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေး
Published 5 January 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်တို့ ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌ နှင့်အတူ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်ဟိုင်း၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent