စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို  နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု နစကဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ၌ဖော်ပြ

စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို  နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု နစကဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ၌ဖော်ပြ
နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့ သည့်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား
နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့ သည့်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား
Published 4 January 2024

 

 

 စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့်၎င်းင်း ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရ ကို နိုင်ငံတော်တာဝန်များလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ လွတ်လပ်ရေးနေ့ သဝဏ် လွှာ တွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၄ ရက်က နေပြည်တော်ရှိ မြို့ တော်ခန်းမတွင် ၇၆ နှစ်မြောက် လွတ်လပ်ရေး နေ့အခမ်းအနားကိုကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ ကလွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေး ပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖတ် ကြားခဲ့သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှ တသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ရေးဖြစ်ခြင်းကြောင့်  ပြည်တွင်း ပြည်ပ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများ စာရင်းမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိ သူများအားလုံးဆန္ဒမဲပေးနိုင်ရေး နှင့်တစ်နိုင် ငံလုံးရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေးတို့ အ တွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း နစက ဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ပြင် မဲဆန္ဒရှင်စာရင်းများ အောင် မြင်စွာကောက်ယူနိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုး တက်ရေးတွင် လိုအပ်သည့် အချက်အလက် များရရှိစေရေးအတွက် ပြည်လုံးကျွတ် သန်း ခေါင် စာရင်းကောက်ယူရန်လိုအပ်ကြောင်း၊ ထို့ကြောင့်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်၍ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံး ကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းအပေါ်မူတည်၍ ခိုင်မာမှန်ကန်သည့် မဲစာရင်းများ ရရှိလာပါက ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုက ရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင် ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒ မဲပေးပိုင်ခွင့်ရရှိစေရေးအတွက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စည်းစနစ် ကျနမှုရှိသည့် အထွေထွေရွေးကောက် ပွဲ တစ်ရပ်ဖြစ်စေရေးနှင့် ၎င်းင်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကိုနိုင်ငံတော် တာဝန်များလွှဲအပ်နိုင်ရေး ဆက်လက် ဆောင် ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌကပြော ကြားသည်။

ထို့အတူ တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေးဟူသော အမျိုး သား ရေး ရည်မှန်းချက်နှစ်ရပ်ကိုလည်း ချမှတ်အ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေ ခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကို အခြေခံ သည့်စနစ်ကို အဓိက ဦးတည် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၏ သဝဏ်လွှာ တွင် ဖော်ပြထားသည်။

ထိုသို့ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုက ရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဦး ဆောင်သူ၊ အကောင်အထည်ဖော်ဆောင် ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အ သိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည် အ သွေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ နှင့်ပြည့်စုံရန် လိုအပ်သဖြင့် နိုင်ငံတော် အ တွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့် တင်ကြိုးပမ်းဆောင်ရွက်ပေးရမည် ဖြစ် ကြောင်း နစက ဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

အလားတူ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို ယ ခင်အစိုးရအနေဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ကြိုး ပမ်းခဲ့ခြင်းကြောင့် တပ်မတော်က ပါတီစုံဒီမို ကရေစီစနစ် ခိုင်မာစေရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ တော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးရည်မှန်း ချက်နှစ်ရပ်အဖြစ် စစ်မှန်၍ စည်းကမ်းပြည့် ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံ သည့်  ပြည်ထောင်စုတည်ဆောက် ရေးတို့ကို ချမှတ်ထားကြောင်း နစကဥက္ကဋ္ဌ၏ လွတ် လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထား သည်။

ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီ ညွတ်မှု စွမ်းအားကို အားကောင်းစေသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင် စုဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွားတိုင်း ရင်းသားအားလုံးမှ လေးနက်စွာလိုက်နာ အ ကောင် အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌ၏ သဝဏ် လွှာတွင် ဖော်ပြထားသည်။

ယင်းအပြင် လွတ်လပ်ရေးနှင့်အချုပ် အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသား ပြည် သူများနှင့်တွဲလက်ညီညီ ရင်ဆိုင်ကာကွယ် ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာ တည်တံ့နေခြင်းသာဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည် တံ့ခိုင်မြဲရေးအတွက်အဓိကမဏ္ဍိုင် ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်း လုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာ ဏာတည်တံ့ ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လေးနက်စွာခံယူစောင့် ထိန်းရ မည့် ကျင့်ဝတ် တစ်ခုပမာ ထင်ရှားစွာတည်ရှိ နေကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။                   

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်း သားအားလုံး၏ သွေးစည်းညီညွတ်မှု၊ အ ပြန် အလှန် လေးစားယုံကြည်မှုများဖြင့် ပြည် ထောင်စုစိတ်ဓာတ်ကို မဏ္ဍိုင်ပြု၍ ချမှတ် ထားသော အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို လက်တွေ့ကျကျ ကျင့် သုံးပြီး ဆက်လက်၍ ကြိုးပမ်းအကောင် အ ထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent