အင်အားကြီးနိုင်ငံအချို့သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကား    လုံးများကို လိုသလိုပုံဖော်ပြီး ၎င်းတို့၏သြဇာလောင်းရိပ်အောက် သွတ်သွင်းရန်ကြိုးစားနေကြကြောင်း နစက ဥက္ကဋ္ဌ    ပြောကြား

အင်အားကြီးနိုင်ငံအချို့သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကား    လုံးများကို လိုသလိုပုံဖော်ပြီး ၎င်းတို့၏သြဇာလောင်းရိပ်အောက် သွတ်သွင်းရန်ကြိုးစားနေကြကြောင်း နစက ဥက္ကဋ္ဌ    ပြောကြား
လူငယ်နှင့် စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နစကဥက္ကဋ္ဌ အမှာစကားပြောကြားနေစဉ်
လူငယ်နှင့် စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နစကဥက္ကဋ္ဌ အမှာစကားပြောကြားနေစဉ်
Published 22 December 2023

 

အင်အားကြီးနိုင်ငံအချို့သည် လူ့အခွင့် အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကားလုံးများ ကို လိုသလိုပုံဖော်ပြီး ၎င်းင်းတို့၏သြဇာလောင်း ရိပ်အောက် သွတ်သွင်းရန် ကြိုးစားနေကြ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ၂၁ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ (B) ရုံ၌ ကျင်းပ သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အ ထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲ တော် ဖွင့်ပွဲအခမ်းအနား အမှာစကားပြော ကြားရာတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အ ထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်အေးခေတ်နှောင်းပိုင်းကာလများတွင် အင်အားကြီးသည့် နိုင်ငံကြီးများသည် အင်အားနည်းသည့် နိုင်ငံငယ်များအပေါ် ထိန်းချုပ်ချယ်လှယ်နိုင်စေရန် သို့မဟုတ် သြ ဇာလွှမ်းမိုးနိုင်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကဏ္ဍများကို မဟာဗျူဟာကျ သည့် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ်ဆောင် ရွက်နေကြသည်ကို အားလုံးအသိပင် ဖြစ် ကြောင်း၊ အထူးသဖြင့် အင်အားကြီး နိုင်ငံတ ချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ၎င်းင်းတို့၏ သြဇာ ခံများ၊ ကြိုးဆွဲခံ ရုပ်သေးရုပ်များနှင့် ထိုး ဖောက်ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ကာ မီးမွှေးဆောင်ရွက်နေမှုများ၊ မတည်မငြိမ် ကမောက်ကမဖြစ်အောင် လုပ် ကြံဖန်တီးမှုမျိုးစုံနှင့် သွေးထိုးမြှောက်ပင့်ပေး နေကြပါကြောင်း၊ လူ့အခွင့်အရေး၊ ဒီမိုကရေ စီရေးဆိုသည့် စကားလုံးများကို ရောင်းကုန် ပစ္စည်းကဲ့သို့ သဘောထားပြီး လိုသလိုပုံဖော် ဖိအားပေးအကြပ်ကိုင်မှုများနှင့် နည်းလမ်း ပေါင်းစုံ၊ အကြံအစည်ပေါင်းစုံ အသုံးပြုပြီး ၎င်းင်းတို့၏ သြဇာလောင်းရိပ်အောက် သွတ် သွင်းရန် ကြိုးစားနေကြကြောင်း နစကဥက္ကဋ္ဌ က ပြောကြားသည်။

ယခုကဲ့သို့အခြေအနေတွင် မိမိတို့ကဲ့သို့ နိုင်ငံငယ်များအနေဖြင့် မိမိတို့၏ နိုင်ငံတော် ကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ် နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲသွားနိုင်သကဲ့သို့ ၎င်းင်းတို့အလိုကျ လိုသလိုပုံသွင်းလွှမ်းမိုးချုပ် ကိုင်မှုများ ကြုံတွေ့ရနိုင်ပါကြောင်း၊ ၎င်းတို့ လက်အောက်ခံ၊ သြဇာခံဖြစ်သွားနိုင်သည် ကိုလည်း အလေးအနက်သတိပြုကြရန် သတိ ပေးမှာကြားလိုကြောင်း နစကဥက္ကဋ္ဌက ပြော ကြားသည်။

ထို့ပြင် ယနေ့အချိန်တွင် အချင်းချင်း စည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံနှင့် ပြည်သူလူ ထုအကျိုးကို လျစ်လျူရှုပြီး သံသယများ၊ ကိုယ် ကျိုးအတ္တများ၊ လွဲမှားသည့် အယူအဆများ လုပ်ဆောင်နေကြမည်ဆိုပါက နိုင်ငံအတွက် လွန်စွာအန္တရာယ်ကြီးမားပါကြောင်း၊ မိမိတို့ အားလုံးက မှန်ကန်သည့်အသိ၊ မှန်ကန်သည့် သတိတရားများနှင့် နိုင်ငံ့အကျိုး၊ လူမျိုးအ ကျိုးကို သယ်ပိုးပေးကြရန် တိုက်တွန်းပြော ကြားလိုပါကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ကိုလိုနီဘဝနယ်ချဲ့တို့၏ သွေးခွဲသပ်လျှို အုပ်ချုပ်မှု၏ အကျိုးဆက်သည် တိုင်းရင်းသား များကြားတွင် ယနေ့အချိန်ထိ ကျန်ရှိနေဆဲ ဖြစ်သည်ကို မိမိတို့အားလုံး သတိပြုရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ပြိုကွဲ ပျက်စီးမှု မဖြစ်စေရေး ၀ိုင်းဝန်း ကာကွယ် ဆောင်ရွက်ပေးကြရန်နှင့် ခေတ်သစ်ကိုလိုနီ ၀ါဒ၏ လုပ်နည်းလုပ်ဟန်များကို မျက်ခြေမ ပြတ်စောင့်ကြည့်ပြီး အသိတရား၊ သတိတရား လက်ကိုင် ထားပေးကြရန်အတွက် မျိုးဆက် သစ်လူငယ်များကို အသိပညာပေးကြရန် လို အပ်မည်ဖြစ်ကြောင်း၊ ကမ္ဘာကြီး၏ မျက် မှောက်အခြေအနေအရပင်ဖြစ်စေ၊ မိမိတို့ နိုင်ငံ၏ ပကတိအရှိတရားအရဖြစ်စေ ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အ ဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုး သားရေးပန်းတိုင်၊ အမျိုးသားရေးတာဝန်ပင် ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြား သည်။ ယခုကျင်းပသည့် လူငယ်နှင့်စာပေအနု ပညာပွဲတော်ကို နိုင်ငံသားတိုင်းက အထွဋ် အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ ကို သိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ် စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့်အနုပညာစွမ်းအားဖြင့် အသိပညာ ဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအ ခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင် ရွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပကြခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ ကို အရည်အချင်းပြည့်ဝသည့် နိုင်ငံ့သား ကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် လူ ငယ်ရေးရာမူဝါဒများကို ခေတ်ကာလနှင့်   ကိုက်ညီအောင် ပြင်ဆင်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ ပါဝင်လာ နိုင်စေရန် အခွင့်အရေးပေးပြီး လက်တွဲ ဆောင်ရွက်ပေးကြရန်၊ လူငယ်များကို ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ ချစ်မြတ်နိုးစေပြီး နိုင်ငံ့တာဝန်ကျေပွန်စေမည့် သားကောင်း ရ တနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြ ရန်၊ လူငယ်များအနေဖြင့်လည်း အစဉ်လေ့ လာ သင်ယူမှုများနှင့် အတတ်ပညာ၊ အသိ ပညာ ပြည့်စုံပြီး နိုင်ငံ၏အနာဂတ်အတွက် အားကိုးအားထား ပြုနိုင်မည့်သူများဖြစ် အောင် ကြိုးစားသွားကြရန် တိုက်တွန်းလို ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်း ရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည် ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေ ပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များ၊ စာပေအနုပညာရှင်များ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘုန်း တော်ကြီးသင်ပညာရေးကျောင်းများမှ သာ မဏေများ တက်ရောက်ကြကြောင်း သိရသည်။

 

Most Read

Most Recent