ယနေ့နိုင်ငံများအကြား ပဋိပက္ခဖြစ်ပွားမှုကိုကြည့်ပါက အင်အားကြီးနိုင်ငံများ၏ နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသည့် နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင် ဖော်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား 

ယနေ့နိုင်ငံများအကြား ပဋိပက္ခဖြစ်ပွားမှုကိုကြည့်ပါက အင်အားကြီးနိုင်ငံများ၏ နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသည့် နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင် ဖော်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား 
Published 12 December 2023

ယနေ့နိုင်ငံများအကြား ပဋိပက္ခဖြစ်ပွားမှုကိုကြည့်ပါက အင်အားကြီးနိုင်ငံများ၏ နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသည့် နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင် ဖော်ဆောင်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

ဒီဇင်ဘာ ၁၁ ရက်က ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကို ကြည့်မယ်ဆိုပါက ခေတ်မီနည်းပညာ များနှင့် စစ်မှုသိပ္ပံနည်းပညာများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်အားကြီး နိုင်ငံအုပ်စုများ၏ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်လိုမှု၊ နိုင်ငံရေး အရ မိမိဩဇာခံအဖြစ်ထားရှိလိုမှုများကြောင့် ဖြစ်ပေါ်နေသည့် ခေတ်သစ်စစ်ပွဲများ၏ အသွင်သဏ္ဌာန်များကို ကောင်းစွာသိရှိနားလည် ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ယနေ့နိုင်ငံများအကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို လေ့လာကြည့်မည် ဆိုပါက အင်အားကြီး နိုင်ငံများက နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသည့်နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင် ဖော်ဆောင်ပြီး  လုပ်ဆောင် နေကြသည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖြစ်စဉ်ဖြစ်ရပ်တစ်ခုကို အပေါ်ယံ မြင်ကွင်းလောက်သာ  သုံးသပ်သိရှိခြင်းမျိုးထက် မြင်ကွင်းနောက်ကွယ်က  အကြောင်းတရားများကိုပါ စဉ်းစားဖော်ထုတ်နိုင်စွမ်းရှိအောင် လုပ်ဆောင်သွားရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။ 

စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ခေတ်သစ်စစ်ပွဲများတွင် သက်ရှိလူသားများ ဦးဆောင်ကွပ်ကဲထိန်းချုပ်သည့် နည်းပညာ အဆင့်မှ AI (Artificial Intelligence) ဟုခေါ်သည့် ဉာဏ်ရည်တုနည်းပညာ အသုံးပြု ကွပ်ကဲထိန်းချုပ်မှု နည်းပညာအဆင့်အထိ တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်သစ်စစ်ပွဲများတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်မှုရေးရာ တော်လှန်ပြောင်းလဲမှုနည်းပညာများနှင့် ဉာဏ်ရည်တုနည်းပညာ(AI) အခန်းကဏ္ဍကို လည်း စဉ်ဆက်မပြတ် လေ့လာသင်ယူရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ 

ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် ခေတ်သစ်စစ်ပွဲများကိုမျှော်မှန်းပြီး ခေတ်မီ တပ်မတော်တစ်ရပ် တည်ဆောက်ရာတွင် ဉာဏ်ရည်တုနည်းပညာအပြင် အခြား ကာကွယ်ရေးသုတေသနလုပ်ငန်းများတွင်လည်း များစွာရင်းနှီးမြှုပ်နှံလာကြသည်ကို တွေ့ ရှိရမည်ဖြစ်ကြောင်း၊ နည်းပညာအခြေပြု ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေး ကို အပြိုင်အဆိုင် လုပ်ဆောင်လာကြသည့်နည်းတူ သတင်းအချက်အလက်စီးဆင်းမှု လွယ်ကူမြန်ဆန်မှုကြောင့် နည်းပညာရပ်များ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲမှုများသည် လျင်လျင်မြန်မြန် ဖြစ်ပေါ်လျက်ရှိသည်ကို လည်း အမြဲသတိချပ်နေ ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို အမီလိုက်နိုင်ရန် အတွက် နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်နေသည့် စစ်မှုသိပ္ပံနှင့် နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိနိုင်ငံအတွက် အကောင်း ဆုံးအသုံးချသွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ `

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊  ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်နည်းပညာ တက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမ များ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent