၂၀၂၃ ခုနှစ် မတ်လကုန်တွင်  ပြည်တွင်းလှည့်လည်သုံးစွဲငွေပမာဏမှာ ကျပ်သန်းထောင်ပေါင်း ၃၅၄၄၄ ရှိသဖြင့် သီးသန့်ငွေကြေးပမာဏ၏ ၈၆ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြ

၂၀၂၃ ခုနှစ် မတ်လကုန်တွင်  ပြည်တွင်းလှည့်လည်သုံးစွဲငွေပမာဏမှာ ကျပ်သန်းထောင်ပေါင်း ၃၅၄၄၄ ရှိသဖြင့် သီးသန့်ငွေကြေးပမာဏ၏ ၈၆ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြ
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကိုတွေ့ရစဉ်
Published 28 November 2023

၂၀၂၃ ခုနှစ် မတ်လကုန်တွင်  ပြည်တွင်း လှည့်လည်သုံးစွဲငွေပမာဏမှာ ကျပ် သန်းထောင်ပေါင်း ၃၅၄၄၄ ရှိသဖြင့် သီးသန့်ငွေကြေးပမာဏ၏ ၈၆ ရာခိုင်နှုန်းရှိကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် ငွေကြေးမူဝါဒအကောင်အထည်ဖော်ဆောင်ရွက်ချက်အစီရင်ခံစာ (၂၀၂၂ ခုနှစ် အောက်တိုဘာမှ ၂၀၂၃ ခုနှစ် မတ်လအထိ)တွင် ဖော်ပြထားသည်။

သီးသန့်ငွေကြေးပမာဏမှာ ၂၀၂၂ ခုနှစ် မတ်လကုန်တွင် ကျပ်သန်းထောင်ပေါင်း ၃၆၄၆၁ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် မတ်လကုန်တွင် ကျပ်သန်းထောင်ပေါင်း ၄၁၃၅၁ ရှိခဲ့သဖြင့် ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်းတိုးတက်ခဲ့ သည်ဟုလည်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် မတ်လကုန်တွင် ပြည်တွင်းလှည့်လည်သုံးစွဲငွေပမာဏမှာ ကျပ်သန်းထောင်ပေါင်း ၃၅၄၄၄ ရှိခဲ့သဖြင့် သီးသန့်ငွေကြေးပမာဏ၏ ၈၆ ရာခိုင်နှုန်းနှင့် ဘဏ်များ၏ ဗဟိုဘဏ်ရှိစာရင်းရှင်အပ်ငွေမှာ ကျပ် သန်းထောင်ပေါင်း ၅၉၀၇ ရှိခဲ့သဖြင့် သီးသန့်ငွေကြေးပမာဏ၏ ၁၄ ရာခိုင်နှုန်းရှိသည်။

၂၀၂၃ ခုနှစ် မတ်လကုန်တွင် ပြည်တွင်းလှည့်လည်သုံးစွဲငွေပမာဏသည် ယခင်နှစ်အလားတူကာလကထက် ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဘဏ်များ၏ဗဟိုဘဏ်တွင် ထားရှိငွေသည် ယခင်နှစ်အလားတူကာလထက် ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

သီးသန့်ငွေကြေးပမာဏကို ပြောင်းလဲစေသည့်အချက်များ(Factors Effecting Reserve Money) မှာ အသားတင်နိုင်ငံခြားရရန်ပိုင်ခွင့်များ၊ အစိုးရကဏ္ဍသို့ ချေးငွေများ၊ ဘဏ်လုပ်ငန်းကဏ္ဍသို့ချေးငွေနှင့် အခြားပေး ရန်တာဝန်များဖြစ်သည်။ ၂၀၂၃ ခုနှစ် မတ်လကုန်ရှိ သီးသန့်ငွေကြေးပမာဏတွင် အသား တင်နိုင်ငံခြားရရန်ပိုင်ခွင့်မှာ ၄၁ ရာခိုင်နှုန်း၊ အစိုးရကဏ္ဍသို့ချေးငွေမှာ ၈၅ ရာခိုင်နှုန်း၊ ဘဏ်လုပ်ငန်းကဏ္ဍသို့ ချေးငွေမှာ  ၆ ရာခိုင်နှုန်းနှင့် အခြားပေးရန်တာဝန်မှာ(-) ၃၂  ရာခိုင်နှုန်းအသီးသီးပါဝင်လျက်ရှိရာ သီးသန့်ငွေ ကြေးပမာဏတွင် အစိုးရကဏ္ဍသို့ ချေးငွေပါဝင်မှုအများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မတ်လတွင် အသားတင်နိုင်ငံခြားရရန်ပိုင်ခွင့်မှာ ကျပ်သန်းထောင်ပေါင်း ၁၂၄၆၃ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် မတ်လတွင် ကျပ်သန်းထောင်ပေါင်း ၁၇၁၈၉ ရှိသဖြင့် ၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အစိုးရ ကဏ္ဍသို့ ချေးငွေများမှာ ၂၀၂၂ ခုနှစ် မတ်လကုန်တွင် ကျပ်သန်းထောင်ပေါင်း ၂၈၄၁၉ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် မတ်လကုန်တွင် ကျပ်သန်းထောင်ပေါင်း ၃၅၂၈၇ ရှိသဖြင့် ယခင်နှစ်အလားတူကာလထက် ၂၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ဘဏ်လုပ်ငန်းကဏ္ဍသို့ ချေးငွေမှာ ၂၀၂၂ ခုနှစ် မတ်လကုန်တွင် ကျပ်သန်းထောင်ပေါင်း ၄၃၃၆ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် မတ်လကုန်တွင် ကျပ်သန်းထောင်ပေါင်း ၂၃၀၂ ရှိသဖြင့် ယခင်နှစ်အောက် ၄၇ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent