နိုဝင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၁၉၈၁ ဒေါ်လာဝန်းကျင်ရှိပြီး  အကယ်ဒမီမီးလင်းရွှေ စျေးကွက်စျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၃၁၀၆၂၀၀ ဝန်းကျင်ရှိနေ

နိုဝင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၁၉၈၁ ဒေါ်လာဝန်းကျင်ရှိပြီး  အကယ်ဒမီမီးလင်းရွှေ စျေးကွက်စျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၃၁၀၆၂၀၀ ဝန်းကျင်ရှိနေ
Published 18 November 2023

နိုဝင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၁၉၈၁ ဒေါ်လာဝန်းကျင်ရှိပြီး အကယ်ဒမီမီးလင်းရွှေ စျေးကွက်စျေးနှုန်း တစ်ကျပ်သားလျှင် ၃၁၀၆၂၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၁၉၇၀ ဒေါ်လာဝန်းကျင်ရှိပြီး အကယ်ဒမီမီးလင်းရွှေစျေးကွက် စျေးနှုန်း တစ်ကျပ်သားလျှင် ၃၀၈၈၉၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

အောက်တိုဘာ၂၇ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၁၉၈၇ ဒေါ်လာဝန်းကျင်ရှိပြီး အကယ်ဒမီမီးလင်းရွှေ စျေးကွက်စျေးနှုန်း တစ်ကျပ်သားလျှင် ၃၁၀၇၁၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်စက်တင်ဘာ ၁၀ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ပြီး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ ကာ အနိမ့်ဆုံး ကျပ် ၃၁၀၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။

စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ် ၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော် အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိစံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်းစံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

Most Read

Most Recent